Chapter 47

2.4K 325 8
                                    

Zawgyi

Chapter 47
(ဆက်နွယ်မှု)

လီပိုင်၏ ‘အဖေ’နှစ်ယောက်ကပါ သူတို့အိမ်တွင် စတည်းချကြသည်။
သူတို့ သိုက်မြုံလေးထဲ လူတွေ ပိုလာသောကြောင့် သူတို့အိမ်လေးမှာ ဆူညံပြီး အသက်ဝင်လာသည်။

လီကွမ်းက သူ့ဘီယာခွက်ကို ‘သားမက်’နှစ်ယောက်ထံမြှောက်ပြလိုက်၏။
“ငါတို့ အဝေးရောက်နေတုန်း ငါ့သားလေးကို ဂရုစိုက်ပေးလို့ ကျေးဇူးပဲကွာ"

အမျိုးသားနှစ်ယောက်မှာလည်း သူတို့က လီပိုင်နှင့် ပတ်သတ်ပေမယ့် မိဘအရင်းတွေ မဟုတ်မှန်း ရိပ်မိကြသည့်တိုင် သူတို့မိန်းမက ဘာမှမပြောမှတော့ သူတို့လဲ ရေလိုက်ငါးလိုက်ပဲ လုပ်တော့သည်။

ရှန်းလျန်ကျွင်းက မည်သည့်စကားမှ မဆိုပဲ သူ့ခွက်ကို မြှောက်လိုက်ပေမယ့် ခိုင်ဖုန်းကတော့ သူတို့ ‘ယောက္ခမအထီးကြီး’ ကို တက်ကြွစွာ ပြန်ဖြေလိုက်သည်။
“ကျွန်တော့်မိန်းမကို ဒီကမ္ဘာကို ခေါ်ယူလာပေးလို့ လဲ ကျေးဇူးတင်ပါတယ်”

ခိုင်ဖုန်းကတော့ ဒီယောက်ျားနှစ်ယောက်က လီပိုင့်ကို မွေးဖွားပေးခဲ့တယ် ဆိုတဲ့သဘောမျိုးနှင့် ပြောဆိုတာပဲ ဖြစ်သည်။
လီကွမ်းက အကျယ်ကြီးရယ်ကာ လီပိုင်ချန်းဘက်ကို မျက်စပစ်ပြပြီး
“အကုန်လုံးက ငါ့မိန်းမ ကျေးဇူးတွေပေါ့ကွာ ဟားဟား~~"

လီပိုင်က အေးဂျင့်03 တည်တည်ငြိမ်ငြိမ် ပြုံးနေတာကိုကြည့်ပြီး စိတ်လှုပ်ရှားမှုကိုမျိုချလိုက်ရသည်။
သူခန့်မှန်းကြည့်ရမယ်ဆိုရင် သူ့အေးဂျင့်က ဒီနှစ်ယောက်ကို သေတဲ့အထိ ရိုက်ပစ်ချင်စိတ်ကို တော်တော်လေး ထိန်းနေရတဲ့ပုံပဲ။

လီပိုင်ချန်းက ဆတ်ခနဲ ထရပ်လိုက်ပြီး လီကွမ်း၏အင်္ကျီကော်လံကိုလှမ်းဆွဲကာ အားအနည်းငယ်သုံး၍ ဆွဲခေါ်သွားတော့သည်။
“ညရောက်ပြီ။မင်းတို့ လူငယ်တွေ အိပ်သင့်နေပြီ”
agent013မှာ အခြားသူတွေ ဘယ်လိုတောင် နင်ကုန်မလဲ ဆိုတာ စိတ်ထဲမထည့်ဘဲ သူ့လူကိုသာ အပါခေါ်သွားတော့၏။

“မင်းအဖေက တကယ်ကြမ်းတာပဲ”
ခိုင်ဖုန်းက လီကွမ်းအတွက် တိတ်တိတ်လေး ဖယောင်းတိုင် ထွန်းပေးလိုက်သည်။

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Donde viven las historias. Descúbrelo ahora