Chapter 11

3.3K 695 22
                                    

Zawgyi
Chapter 11
အလောင်းကောင် ပါတီ

'ကန့်သတ်မဲ့ အားပြည့်ခန္ဓာ'item၏အစွမ်းကြောင့် လီပိုင် ထိုအသွင်ပြောင်းလူသားအုပ်စုကြီးကို
သာသာလေး နောက်မှာချန်ခဲ့နိုင်လေသည်။
သို့ပေမယ့်လည်း ဒီ'လူသားစားပါတယ်'လို့ ဖုံးလို့ဖိလို့မရနိုင်အောင်ကောလဟာလထွက်နေတဲ့လူတွေ လိုက်ဖမ်းတာခံရတာက အဆင်ပြေမနေပေ။

လီပိုင်မှာ ရှန်းလျန်ကျွင်းနှင့်ဝေးရာအရပ်ကို လုံးနေအောင်ပြေးတော့သည်။
တစ်အချက်...ခုလက်တစ်လော သူထိုအမျိုးသားကိုအမြင်မကြည်။
နှစ်အချက်ကတော့..သူ စစ်သားတွေကိုအပေါ်မှာဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလိုဒုက္ခမပေးချင်တော့ပေ။

သူပြေးသည့်နောက်ကို အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားလေးဦးပါသည့် အသွင်ပြောင်းလူသား အဖွဲ့က
ဇွဲရှိရှိ ကြိုးစားပမ်းစားလိုက်နေ၏။
ထိုခြောက်ယောက်လုံးမှာ ကွဲပြားသည့်အလှတရားတို့ရှိသည့်တိုင် ရှန်းလျန်ကျွင်းနှင့်ခိုင်ဖုန်း၏ခြေဖျားကိုလုံးဝမမှီကြပေ။

လှပသည့်အမျိုးသမီးနှစ်ဦးက လီပိုင်ကိုဆက်မပြေးဖို့ချော့ပြောနေစဉ်မှာဘဲ အမျိုးသားတစ်ယောက်ဟာစူးစူးဝါးဝါးထအော်လိုက်လေသည်။
ထိုအမျိုးသားက သူ့အော်သံကြောင့် ပို၍အရှိန်တင်
ကာနောက်လှည့် မကြည့်စတမ်းပြေးသွားသည့် လီပိုင်ကိုကြည့်ပြီးတဟားဟားအော်ရယ်တော့လေသည်။
'မင်း နှမ ကိုရီနေလိုက်'လီပိုင်မျက်စောင်းတွေဖောဖောသီသီ သုံးလိုက်တော့၏။

"ကလေးကို ကြောက်အောင်ခြောက်မနေနဲ့!"
အသွင်ပြောင်း အမျိုးသမီးတစ်ဦးက ကျန်သူများကိုဆူတော့သည်။

"Systemရေ ကျွန်တော့်အထင် ဒီလူတွေက ခိုင်ဖုန်းနဲ့ယှဉ်လိုက်ရင် အတော်လေးအားနည်းနေသလိုဘဲနော်?"

"လက်ရှိ အန္တရာယ်သက်ရောက်မှုလယ်ဗယ်ကAအဆင့်ကိုပြနေတယ်။ဒီတော့ မင်းနောက်ကအသွင်ပြောင်းလူသားတွေအကုန်လုံးက တစ်ယောက်ချင်းစီဆို အတော်လေးအားနည်းမယ့်ပုံဘဲ။အဖွဲ့လိုက်စုနေလို့သာ လယ်ဗယ်ကAအဆင့်ကိုတက်သွားတာ။သူတို့ကိုလူချင်းကွဲအောင်လုပ်နိုင်ရင်လွယ်လွယ်နဲ့လွတ်ပြီ။"
လီပိုင်နားလည်ကြောင်းအသံပြုလိုက်ကာ အနီးဆုံးတောင်ပေါ်ကိုပြေးတက်လိုက်တော့သည်။

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Where stories live. Discover now