Chapter 44

2K 329 19
                                    

Chapter 44
(လူ့သဘာဝ)

လူသားများမှာ ရှုပ်ထွေးနက်နဲလှသည့် သတ္တဝါများဖြစ်ကြလေသည်။
လူသားတို့၏ စိတ်ခံစားချက်များမှာလည်း အဆုံးမဲ့သည့်တွင်းနက်ကြီးနှင့်တူလှသည်။တစ်ခဏအတွင်း နတ်ဘုရားဖြစ်နိုင်သလို အရာအားလုံးကိုဖျက်စီးပစ်နိုင်သည့်နတ်မိစ္ဆာများလည်း ဖြစ်သွားနိုင်ပြန်သည်။
ကံကြမ္မာ၏ရင်သွေးငယ်များဟာ ငြိမ်းချမ်းရေးအတွက်စစ်ပွဲများဆင်နွှဲခဲ့ကြရသည်။
၎င်းတို့၏နှလုံးသားများဟာ အလိုလောဘ၊စွဲလမ်းမှု၊ဣဿာမစ္ဆရိယ စသည့်ခံစားချက်များ၏ဖျက်ဆီးခြင်းကိုခံလိုက်ရသည်နှင့် မကောင်းမှုဒုစရိုက်များကိုလိုလိုလားလား စတင်ကျူးလွန်ကြတော့သည်။

မိခင်ကမ္ဘာကြီးမှာ လူသားများကို သူမဖန်တီးခဲ့သည့်အခြားသောအရာများထက် ပိုမိုချစ်ခင်လေသည်။
သူမက သူတို့ကို ကောင်းချီးတစ်ခု သို့တည်းမဟုတ် ကျိန်စာတစ်ခု ဖြစ်သည့် စိတ်ခံစားမှုများကိုလက်ဆောင်ပေးခဲ့မိတဲ့အတွက် သူမကိုယ်သူမ အပြစ်တင်ခဲ့၏။
ထို့ကြောင့် သူမသည် သူတို့ကိုပြောင်းလဲရန် အခွင့်အရေးပေးချင်ခဲ့သည်။
သို့သော် လူသားများက သူမကို'အမျိုးအမည်မသိ'အရာတစ်ခုအဖြစ်သတ်မှတ်ပြီး ကြောက်ရွံ့ခဲ့ကြလေသည်။

သူမဟာ ချစ်လှစွာသောရင်သွေးများကိုပြောင်းလဲပေးရန်အကောင်းဆုံးကြိုးစားခဲ့၏။
ထို့နောက် စိတ်ခံစားမှုများမပါသည့် 'အသွင်ပြောင်းလူသား'များကို မွေးဖွားပေးခဲ့လေသည်။
'အိုး အပြစ်အနာဆာ ဆိုတာဘာများလဲ'ဟုမေးယူရသည်အထိ ပြည့်စုံအောင် ဖန်တီးပေးခဲ့သည်။
သူမက နောက်ဆုံးရင်သွေးများကို သက်မဲ့ကြွေရုပ်လေးများကဲ့သို့ ဘဝတစ်ခုကို ပေးသနားခဲ့ပြီး 'ရှင်သန်ခြင်း'အနှစ်သာရကိုတော့ ပြန်လည်သိမ်းယူခဲ့လေတယ်။

ဒါကြောင့် သူမဟာ အသွင်ပြောင်းလူသားများကို ကျား၊မ လိင်မခွဲခြားဘဲ ယုံကြည်ခြင်းကိုအခြေခံသည့် လက်တွဲဖော်ရှာဖွေခွင့်ကိုပါ ပေးသနားခဲ့၏။
သူမမြတ်နိုးရသောလူသားများထံမှ သူတို့လိုအပ်သည့်စိတ်ခံစားမှုများကိုသင်ယူနိုင်ကြလိမ့်မည်။
သူမက သူတို့အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း၊ကြွယ်ကြွယ်ဝဝ နေထိုင်စေလိုသည်။၎င်းက သူမ၏ဆန္ဒဖြစ်လေသည်။

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Where stories live. Discover now