Chapter 33

2.4K 488 17
                                    

Zawgyi

Chapter 33
(ကောင်းသောညပါ အချစ်လေး)

ခိုင်ဖုန်း လူငယ်လေးကို မာရှယ်အိုကြီးလက်ထဲမှ လက်လွှဲယူလိုက်ပြီး ဗလာကျင်းနေသည့်ကိုယ်လေးပေါ်ခြုံပေးထားသည့် မာရှယ်အိုကြီး၏ဝတ်ရုံကိုဖယ်ကာ သူ့ဝတ်ရုံနှင့်လုံခြူံစွာပတ်ထွေးပေးလိုက်သည်။
လီပိုင်၏ပေါင်တံတွေမှရှိနေတဲ့သွေးစီးကြောင်းတွေ၊ပွန်းပဲ့ ညိုမည်းဒဏ်ရာတွေကိုမြင်ပြီး သူ့မျက်ဝန်းအိမ်ဟာပိုလို့တောင်နက်မှောင်သွားတော့သည်။

မာရှယ်အိုကြီးမှာ သူ့ရှေ့မှအမျိုးသားကိုကြည့်၍ တုန်ရီစွာနှင့် စကားဆိုသည်။
"ခေါင်းဆောင် ခိုင်ဖုန်း...ကျွန်တော့်သားကို ကောင်းကောင်းအပြစ်ပေးဆုံးမပါ့မယ်။ကျွန်တော်အာမခံပါတယ် နောက်တစ်ကြိမ် သူ့ကို ခင်ဗျားရှေ့မှာလုံးဝပေါ်မလာစေရပါဘူး!"

အိုမင်းရင့်ရော်နေသည့်လက်တစ်ဖက်ဟာ အစောကသူ့သားလက်ကို ကိုယ်တိုင်ပစ်ခဲ့သည့်သေနတ်ကိုတင်းတင်းဆုပ်ကိုင်လို့ထား၏။
ဖခင်တစ်ဦးအနေနဲ့ မိမိကလေးကို ကိုယ်တိုင်မသတ်ရက်နိုင်သလို သူများသတ်မှာကိုလည်းကြည့်မနေနိုင်ပေ။
သို့ပေမယ့် သူ့သားပြုခဲ့သည့်လုပ်ရပ်အတွက် မိဘတစ်ဦးဖြစ်သည့် သူ့တွင်တာဝန်အပြည့်ရှိကြောင်းကို သူသိပါသည်။
အကယ်၍ သူသာ လူငယ်လေးအပေါ်ထားရှိတဲ့သူ့သားရဲ့အပြုအမူတွေကိုစောစောရိပ်မိခဲ့ရင် ဒီလိုအဖြစ်မျိုး မဖြစ်လာနိုင်ပေ။

ခိုင်ဖုန်း၏ရယ်သံက အကျဉ်းခန်းလျှောက်လမ်းတစ်လျှောက်ကျောချမ်းဖွယ်ပဲ့တင်ထပ်လို့နေသည်။
"ကျွန်တော်ကသာ ခင်ဗျားရဲ့အိမ်ကိုအလည်လိုက်ဖို့စကားမဆိုမိခဲ့ရင် ခင်ဗျားသားရဲ့လုပ်ရပ်က ကျွန်တော့်လူအပေါ် ဒီလောက်နဲ့ပြီးမသွားမှာ စိုးမိပါရဲ့"

ထိုစကားကိုကြားသည်နှင့် မာရှယ်အိုကြီးမှာ ချက်ခြင်းဆိုသလိုကြမ်းပြင်ပေါ်သို့ဒူးထောက်ချလိုက်တော့သည်။
သူ့မျက်နှာထက်ရှိ မာနထောင်လွှားမှုများမှာလည်း ယခုတော့ ကြံရာမရဖြစ်ခြင်းတို့နှင့်အစားထိုးလို့နေ၏။
"ငါတောင်းပန်ပါတယ်!ကျေးဇူးပြု ပြီး ငါ့သားကိုမသတ်ပါနဲ့ကွာ!ငါ့မှာ...ငါ့မှာ..ဒီသားတစ်ယောက်ဘဲရှိတော့တာ!"

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Donde viven las historias. Descúbrelo ahora