Zawgyi
Chapter 37
(သကြားလုံးထက်ပို၍ချိုမြိန်သော)နတ်ဆိုးများနှင့် ကောင်းကင်ဘုံနတ်ဘုရားများကြားက စစ်ပွဲမှာ သုံးရက်၊သုံးည တိုင်သွားသည်။
နယ်မြေအက်ကွဲကြောင်း ပြန်လည်ကောင်းမွန်သွားကတည်းက နတ်ဆိုးများမှာအကြာကြီး တောင့်မခံနိုင်တော့။
အင်အားကြီးနတ်ဆိုးများမှာ ချီလင်မျှော်စင်ထဲတွင် အကျဉ်းချခံထားရ၏။
ချီလင်မျှော်စင်က နတ်ဆိုးများ၏ကျင့်ကြံဆင့်ကို ဖိနှိပ်ကာ ထာဝရပိတ်လှောင်ထားနိုင်သည်။ကောင်းကင်ဘုံ၏အလိုဆန္ဒအရ နတ်ဆိုးများကို အလုံးစုံ ဖယ်ရှားပစ်ဖို့ရာ မဖြစ်နိုင်ချေ။
နေရာတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများရှိကာ 'မျှချေ'ဆိုသောစည်းမျဉ်းတစ်ခုမှာတော့ အကုန်လုံးတွင် သက်ရောက်နေသေးသည်။ ယင်နှင့် ယန်လိုမျိုး မကောင်းသော စွမ်းအင်များတည်ရှိမှုအတွက် အကြောင်းပြချက်တစ်ခုတော့ ရှိစမြဲပင်။
လီပိုင် အကူးပြောင်းခံလိုက်ရသည့် ဖျတ်ဆီးရမည့် ကမ္ဘာကြီးမှာလဲ လူသားများ၏ မတော်လောဘကြောင့် မျှချေစွမ်းအားတွေ ကျိုးပျက်ကာ ထိုကမ္ဘာကြီး၏ ကံကြမ္မာအမှန်က ပျက်သုဉ်းသွားခြင်းဟုတောင် ရှင်းပြလို့ ရသည်။ကျွင်းပိုင်ချန်က နောက်ဆုံးထောက်တိုင်ကြီးကို နေရာမှန် ပြန်ရွှေ့လိုက်ပြီး အမောတကောနှင့် ချွေးစက်တွေကို သုတ်လိုက်သည်။
မြေအောက်ကမ္ဘာကြီးက စစ်ပွဲတိုလေးနှင့်ထိတွေ့ချိန်မကြာလိုက်ပေမယ့် ပြင်းထန်သည့် ငလျင်ကြောင့် အဆောက်အဦးနှင့် အခြားသောအရာများ ပျက်ဆီးသွားခဲ့သည်။
Main System ကနေ အကြောင်းကြားချက် မရသေးမချင်း မုဒ်ဦးဝကို ယာယီ ပိတ်ထားမှာ ဖြစ်သည်။ ပျက်စီးမှုအခြေအနေကို အစီရင်ခံချက်များကိုကိုင်တွယ်ရလို့ သူ့ရဲ့ အလုပ်ပုံကြီးကလဲ မျှော်လင့်ထားသလိုပဲ တိုးတက်လာတော့သည်။
အလုပ်ကြောင့် ကျွင်းပိုင်ချန် စိတ်ဖိစီးရသည့်အထဲ သိပ်မကြာခင်ကမှ စိတ်ရှုပ်စရာတစ်ခုက ထပ်ဆောင်းလာပြန်သည်။ပထမတော့ သူ့ကို နေ့တိုင်းတစ်ယောက်ယောက်က ကြည့်နေတာကို သူသတိထားမိသည်။
အကြည့်က သူ့အနောက် တစ်ကောက်ကောက် လိုက်နေသည့် အကြည့်မျိုးပင်။
သူ လျစ်လျူရှုထားတတ်ပေမယ့် အစဉ်းစားလွန်သွားရင်တော့ လူကို ရှက်ရွံ့စေတာပင်။
တဖြည်းဖြည်းနှင့် သူ့လုပ်ဖော်ကိုင်ဖက် အချို့လည်း အဲဒါကို သတိထားမိလာကြသည်။
အေးဂျင့် 036 ကလည်း သူနဲ့မျက်နှာချင်းဆိုင်မိတိုင်းစတတ်သည်(စတိုင်းလဲ အရိုက်ခံရတာပါပဲ)။
အဲဒီလူက အရှက်မရှိ သူ့ရုံးခန်းထဲကစားပွဲခုံပေါ် သကြားလုံးတွေ ထားခဲ့ပေမယ့် မျက်နှာတော့ ဘယ်တော့မှ မပြသ။
ကြည့်ဖို့ ကြိုးစားလျှင် ပုန်းသွားတတ်သည်။
သို့ပေမယ့် ကလေးတစ်ယောက် ပုန်းတာကတောင် ထိုသူထက် သာပါဦးမည်။
VOCÊ ESTÁ LENDO
အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)
RomanceOriginal Author - iamducklingwriter (I own Nothing.Just translation.) ဆယ်ရက်ဆယ်ညလုံးလုံးကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေခဲ့တယ်။ သက်ရှိဂြိုလ်ကြီးတစ်လုံးဖြစ်တဲ့"ကမ္ဘာဂြိုလ်"ကြီးဟာ အသိဥာဏ်၊တွေးခေါ်နိုင်စွမ်းတွေမြင့်မားလာခဲ့ပြီး လူသားမျိုးနွယ်အဓိကရုဏ်းအပေါ်ဒေါသထ...