Chapter 26

2.6K 558 9
                                    

Zawgyi
Chapter 26
ညစ်ညမ်းပုံများပေးပို့ခြင်း

လီပိုင်ဟာ သူ့ဘဝမှာအကောင်းဆုံး ရေကုန်ရေခန်း ၊နဖူးကချွေး ခြေမ ကျအောင်ကြိုးစားခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ်။
ဥပမာပြရရင် အသုံးလည်းမကျ ဘာမှလည်းကောင်းကျိုးမပေးတဲ့hostတစ်ယောက်ဖြစ်လာမျိုးပေါ့။
အခုသူ့မှာ နင်းရှီရွှမ်းရဲ့စံချိန်ကိုချိုးဖို့ကြိုးကြိုးစားစားgameဆော့နေပေမယ့် တစ်ဝက်တောင်မမှီနိုင်ဘဲဖြစ်နေရှာတယ်။
Agent013မှာတော့ ပြီးမြောက်နှုန်း15%ကိုတစ်လှည့် ဂိမ်းထိုင်ဆော့နေသည့်လူငယ်လေးကိုတစ်လှည့်ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြစ်လို့နေ၏။
ဒီ15%ရဲ့ သုံးပုံတစ်ပုံက ကမ္ဘာကြီးကလီပိုင်ရဲ့ဝိဥာဏ်စွမ်းအားတွေကိုသူ့ဘာသာစုပ်ပြီးနည်းနည်းပြန်ကောင်းလာလို့ ရာခိုင်နှုန်းတက်လာတာ။
ကျန်တဲ့နှစ်ပုံကျပြန်တော့လည်း အသွင်ပြောင်းလူသားတွေနဲ့ပတ်သက်တဲ့ အချက်အလက်အမှန်တွေကြောင့်ရလာခဲ့တာ။
ဒီလိုhostမျိုးက သူ့ကိုဒုက္ခပေးဖို့မွေးဖွားလာတာဘဲ။

"ငလူး!ဒီချာတူးလန်ဂိမ်းကိုဘယ်ကောင်ကများ လက်ယားပြီးထွင်ခဲ့တာလဲဟ?"
သူ့ကျေးဇူးရှင်hostကတော့ လက်ထဲကဂိမ်းစက်ကိုဒေါသတကြီးလွှတ်ပစ်လိုက်ပြီး ကြမ်းပြင်ထက်လူသေကောင်လိုလှဲချကာ ကျိန်ဆဲနေရှာသည်။
ဒီရက်ပိုင်း ပြီးမြောက်မှုရာနှုန်းတက်အောင် ဘာဆိုဘာမှမလုပ်ဘဲ အပျင်းထူနေ၏။
အဝတ်တွေဝတ်လိုက် ဓာတ်ပုံတွေရိုက်လိုက် ခိုင်ဖုန်းနဲ့အီစီကလီရိုက်လိုက်ကလဲ hiden taskမှမဟုတ်တာဘယ်လိုလုပ် အမှတ်တက်ပါ့မလဲလို့!

လီပိုင်မှာတော့ သူ့agent၏စိတ်သောကကိုလုံးလုံးမရိပ်မိဘဲ မျက်နှာကြက်ကိုကြည့်နေရင်းကဆိုသည်။
"ဟေး 013 ဒီကမ္ဘာမှာမူလဇာတ်ကြောင်းရှိလား?
ပြီးတော့ ကျွန်တော့် အဓိကတာဝန်ကျရှုံးသွားရင်ဘာဖြစ်မှာလဲ?"

Agent 013မှာအထူအပါးနားမလည်၊အပူအပင်မရှိတဲ့သူ့hostကို အေးစက်စက်အသံနှင့်ဖြေ၏။
"ကမ္ဘာတိုင်းက တကယ့်အစစ်အမှန်ကမ္ဘာတွေဘဲ။
ဝတ္ထုဇာတ်လမ်းတွေမဟုတ်ဘူး။ဇာတ်ကြောင်းဆိုတာကလဲ မင်းလိုဝိဥာဏ်ကူးပြောင်းသူတွေနားလည်လွယ်အောင် ပင်မsystemကြီးကစာရွက်ပေါ်အကျဉ်းချုပ်ပြီးချရေးပေးထားတာ။
တကယ်တော့ ဇာတ်ကြောင်းဆိုတာ,ကမ္ဘာကြီးရဲ့သားတော်၊သမီးတော်တွေရဲ့ကံကြမ္မာတွေဘဲ။"

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Where stories live. Discover now