Zawgyi
Chapter 13
Special Filterလီပိုင်မှာ မြင့်မြတ်လှပါတဲ့ဗိုလ်ချုပ်ကြီးရဲ့စကားတွေကြောင့် မတွေးမတောနိုင်ဖြစ်သွားရကာ အရူးလိုမျိုး စကားတွေတတွတ်တွတ်ပြောလို့နေ၏။
သူ့ဦးနှောက်သေးသေးလေးမှာလဲ ချာလပတ်ရမ်းလို့နေပြီး အစီအစဉ်မကျတဲ့စကားလုံးတွေကိုထပ်တလဲလဲဆိုမိနေသည်။
ရှန်းလျန်ကျွင်းမှာ လူငယ်လေးရဲ့စက်ချို့ယွင်းသွားသလို တောင်စဉ်ရေမရသည့်စကား၊အမူအယာများကြောင့် အလန့်တကြားဖြစ်သွားရသည်။ရှန်းလျန်ကျွင်း ပန်းပုရုပ်ထုကြီးလိုတောင့်တောင့်ကြီးရပ်နေတဲ့ကောင်လေးကိုကွဲကြေလွယ်သည့်အရာလေးတစ်ခုလို ညင်ညင်သာသာလေးပွေ့ချီလိုက်လေသည်။
သူ့ရင်ခွင်ထဲက ငြိမ်ငြိမ်လေးပါလာတဲ့လူသားလေးရဲ့နွေးထွေးလှတဲ့ကိုယ်ငွေ့တို့ကြောင့် သူစိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည်။
ဒီချစ်စရာအကောင်ပေါက်လေးလို လူသားလေးကသူလိုအကြင်နာမဲ့လှသည့်လူနှင့်မလိုက်ဖက်လှပေ။လူငယ်လေးမှာ မက်မောဖွယ်ရတနာများလို အမှောင်ထဲတွင်တဖျတ်ဖျတ်လက်နေပြီး ထိမိရုံနဲ့ကွဲကြေသွားမှာကိုလည်းစိုးရိမ်ရပြန်သည်။
သူ့လက်မောင်းတွေထဲကကောင်လေးမှာ လက်ဖြင့်တစ်ချက်ကလေး'တောက်'လိုက်ရင်တောင် လန့်ကာနှလုံးရပ်သေဆုံးသွားနိုင်သည့်အသည်းငယ်လှသည့်ယုန်လေးတစ်ကောင်နှင့်တူလှသည်။
သို့ပေမယ့် သူ့အပိုင်လို့သတ်မှတ်ထားတဲ့ဒီအဖိုးတန်ယုန်လေးကို တခြားသူများနှင့်လုံးဝမမျှဝေနိုင်ပေ။ယုန်လေးကိုယ်မှာ တခြားသူရဲ့ကိုယ်နံ့ရတုန်းကဆို သူ့အသိစိတ်တွေလုံးဝလွတ်ထွက်သွားခဲ့တာ။
အချိန်မှီအသိစိတ်ပြန်ပြီး ကောင်လေးရဲ့လည်ပင်းကိုလွှတ်လိုက်ပေလို့ဘဲ မဟုတ်ရင်တော့......လီပိုင်မှာ သူ့ရှေ့ကအမျိုးသားကသူ့ကိုသတ်လုနီးပါး
ဖြစ်ခဲ့တာကို ခုမှသတိရပြီးတုန်တုန်ယင်ယင်ဖြစ်သွားတော့သည်။
ရှန်းလျန်ကျွင်း သူ့ကိုတောင်းပန်ခဲ့တယ်ဆိုပေမယ့် ဒီတောင်းပန်စကားကစိတ်ရင်းအမှန်လို့မခံစားရပေ။
သူ့စိတ်အတွင်း စိတ်ယုတ်နှင့်စိတ်ကောင်းတို့်ကအားပြိုင်နေ၏။
![](https://img.wattpad.com/cover/235144546-288-k164343.jpg)
YOU ARE READING
အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)
RomanceOriginal Author - iamducklingwriter (I own Nothing.Just translation.) ဆယ်ရက်ဆယ်ညလုံးလုံးကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေခဲ့တယ်။ သက်ရှိဂြိုလ်ကြီးတစ်လုံးဖြစ်တဲ့"ကမ္ဘာဂြိုလ်"ကြီးဟာ အသိဥာဏ်၊တွေးခေါ်နိုင်စွမ်းတွေမြင့်မားလာခဲ့ပြီး လူသားမျိုးနွယ်အဓိကရုဏ်းအပေါ်ဒေါသထ...