Zawgyi
Chapter 19
တစ်ယောက် 'တစ်ခြမ်း'စစ်တပ်၏ တစ်နေရာ၊အစည်းအဝေးခန်းတစ်ခုထဲတွင်အသက်ကြီးကြီးအမျိုးသားတစ်ယောက်ဟာ စစ်တပ်ယူနီဖောင်းကိုဝတ်ဆင်ထားပြီး လက်ထဲမှာတော့ တုတ်ကောက်တစ်ချောင်းကိုင်ထား၏။
ထိုသူ၏ စဉ်းလဲလှသည့်မျက်ဝန်းတွေဟာ စားပွဲရှည်ပေါ်ဖြန့်ထားသည့်ဓာတ်ပုံများကို စိတ်ဝင်တစား
ကြည့်နေပြီး ရင့်ရော်နေသည့်လက်ချောင်းတို့က တုတ်ကောက်ကိုစည်းချက်ညီညီခေါက်လို့နေသည်။"အိုး...ဒီလိုလား?"
စစ်သားငယ်လေးတစ်ဦးဟာ အလေးပြုရင်းဆိုသည်။
"မာရှယ်* နင်း ကိုအစီအရင်ခံပါတယ်။
ဒီကောင်လေးက ဗိုလ်ကြီးရှန်း ဧရိယာ54မှာတာဝန်ကျတုန်းက ကယ်လာနိုင်ခဲ့တဲ့အသက်ရှင်ကျန်ရစ်သူတွေထဲကတစ်ဦးပါ။
ဒါပေမယ့် ဗိုလ်ကြီးရှန်းက ဒီကောင်လေးကိုမျက်စိကျပြီး သူ့အိမ်ကိုခေါ်သွားခဲ့တာပါ။လက်ရှိမှာတော့ အဲ့ဒီကောင်လေးက ဗိုလ်ကြီးရှန်း အိမ်မှာနေ,နေပါတယ်။
ဒါက အသေးစိတ်အချက်အလက်တွေပါ"မာရှယ်နင်း ဆိုသူကဖိုင်ကိုယူလိုက်ပြီး စစ်သားငယ်လေးကိုထွက်သွားရန်လက်ဟန်ပြလိုက်၏။
ဓာတ်ပုံထဲမှာတော့ လူငယ်လေးဟာအနှောင်အဖွဲ့ကင်းသည့်လေပြေလေးပမာ ရွှင်မြူးစွာရယ်မောနေပြီး သူ့ဘေးမှရှန်းလျန်ကျွင်း၏ရေခဲမျက်နှာသေထက်မှာလဲအပြုံးတစ်ပွင့်ရှိနေပြန်သည်။
ဇရာရိပ်တို့ထင်ဟပ်နေသည့် ပိန်လီလှသည့်လက်ချောင်းရှည်တို့က လူငယ်လေး၏ပုံရိပ်ကိုပွတ်သတ်ရင်းတီးတိုးဆို၏။
"ဆိုတော့ကာ....မင်းက လီပိုင်ပေါ့..."မာရှယ်နင်း ၏နှုတ်ခမ်းတွေထက်ကောက်ကျစ်လှငည့်အပြုံးတစ်ပွင့်ပေါ်လာပြီး ညသန်းခေါင်အမှောင်နက်ထဲက တစ္ဆေကြီး၏ငိုညည်းသံလို ကျိန်းဝါးလိုက်ပြန်သည်။
"ရှန်းလျန်ကျွင်း....ရှန်းလျန်ကျွင်း.... ငါမင်းရဲ့အားနည်းချက်ကိုတွေ့ပြီ"ခဏအကြာမှာတော့မာရှယ်အိုကြီးနှင့်ဆင်လှသည့်အမျိုးသားဟာ အခန်းတံခါးကိုခေါက်လိုက်ပြီး ဝင်လာလေသည်။
ထိုသူမှာ ငယ်ရွယ်ချောမောလှပြီး မာရှယ်အိုကြီးရဲ့ငယ်ဘဝခန့်ညားမှုတို့ထင်ဟပ်နေ၏။
"အဖေ ကျွန်တော့်ကိုခေါ်ပါသလား?"
YOU ARE READING
အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)
RomanceOriginal Author - iamducklingwriter (I own Nothing.Just translation.) ဆယ်ရက်ဆယ်ညလုံးလုံးကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေခဲ့တယ်။ သက်ရှိဂြိုလ်ကြီးတစ်လုံးဖြစ်တဲ့"ကမ္ဘာဂြိုလ်"ကြီးဟာ အသိဥာဏ်၊တွေးခေါ်နိုင်စွမ်းတွေမြင့်မားလာခဲ့ပြီး လူသားမျိုးနွယ်အဓိကရုဏ်းအပေါ်ဒေါသထ...