Zawgyi
Chapter 43
(သွေးသားရင်းချာ)ထိုညမှာပဲ မျက်နှာကြီး မည်းသည်းလို့ ဒေါသတွေ ထွက်နေသည့် မာရှယ်နင်း က ရှန်းမိသားစုဆီကို တံခါးခေါက်လာပါသည်။
ဒီအဖိုးကြီးကိုလဲ မြင်ရော လီပိုင်မှာ ကြောင်စီစီဖြစ်သွားတော့သည်။
ဘာ့ကြောင့်လဲ ဆိုတော့ ဒီအဖိုးကြီး က သူတို့ကို မုန်းတီးတယ်လို့ ထင်နေတာကိုး။
မာရှယ်အိုကြီးက အသံတိုးတိုးနှင့်
“ဦးလေး အထဲဝင်လို့ ရမလား။အရေးတကြီး ပြောစရာရှိလို့”“ဝင်..ဝင်ပါဗျ”
လီပိုင်မှာ သူ့ယောက်ျားနှစ်ယောက်ကို လှမ်းမခေါ်ခင် အဖိုးကြီး စိတ်ငြိမ်သွားစေရန် ရေနွေးအရင် ချပေးလိုက်သည်။ခိုင်ဖုန်းကတော့ မျက်လုံးတွေ မှေးကျဉ်းလိုက်ပြီး အဖိုးကြီးကို သဘောမကျကြောင်း ဟန်တောင် မဆောင်ပဲ ပြသလေသည်။
“ငါတို့ ဆီက ဘာလိုချင်လို့လဲ?"မာရှယ်နင်းက သူ့အကျီအတွင်းက ပစ္စည်းတစ်ခုခုကို ဆွဲထုတ်ပြီး ခုံပေါ် ပစ်တင်လိုက်သည်။
“မင်းတို့ကို ငါ သတိမပေးဘူးလို့တော့ မပြောနဲ့ ဒါပေမယ့် ငါ့ကို မယုံရင် မင်းတို့ နောင်တရလိမ့်မယ်” ရှန်းလျန်ကျွင်းက စာရွက်စာတမ်းတွေကို ကောက်ယူပြီးတော့ သူ့စိတ်ထဲမှာ အားလုံးကို မှတ်သားလိုက်သည်။“င့ါမိန်းမကို မင်းလုပ်လိုက်တဲ့ကိစ္စပြီးကထဲ မင်းကို သဘောမကျတာ ဒါပေမယ့် လောဘကြီးလွန်းပြီးတော့ အပြစ်မဲ့တဲ့ လူတွေရဲ့ အသက်တွေကို စတေးလိုက်ဖို့လဲ ငါမုန်းတယ်”
ခိုင်ဖုန်းက ကျိတ်ရယ်လိုက်၏။
“အစတုန်းက လီပိုင့်ကို အသုံးချဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးလား ဘာလို့ အခုကျတော့ တရားမှုတ တယ်လေး ဘာလေး လာလုပ်နေတာလဲ”မာရှယ်နင်းက အံကြိတ်ကာ
“ငါ လုပ်ခဲ့သမျှ အရာအားလုံးကို ငါပြန်သုံးသပ်ပြီးသား ပြီးတော့ ငါလဲ အဲဒါကို ဆက်မလုပ်ချင်တော့ဘူး။ ဒါတွေပဲ ကြည့်လိုက်စမ်းပါ ပြီးတော့ အရမ်း အချိန်မနှောင်းခင် မင်းတို့ရဲ့ အသွင်ပြောင်းလူသား မိတ်ဆွေတွေကို ပြောပြလိုက်”
သူ ထရပ်ပြီး ထွက်သွားဖို့ လုပ်ချိန်တွင် သူ့လက်မောင်းကို ရှန်းလျန်ကျွင်း လှမ်းဆွဲတာ ခံလိုက်ရသည်။
ဗိုလ်ချုပ်ငယ်လေးက သူ့မျက်လုံးထဲကို စိုက်ကြည့်ရင်းနှင့်
“ခင်ဗျားမိန်းမ သေရတဲ့ အမှန်တရားကို သိချင်လား”
ESTÁS LEYENDO
အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)
RomanceOriginal Author - iamducklingwriter (I own Nothing.Just translation.) ဆယ်ရက်ဆယ်ညလုံးလုံးကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေခဲ့တယ်။ သက်ရှိဂြိုလ်ကြီးတစ်လုံးဖြစ်တဲ့"ကမ္ဘာဂြိုလ်"ကြီးဟာ အသိဥာဏ်၊တွေးခေါ်နိုင်စွမ်းတွေမြင့်မားလာခဲ့ပြီး လူသားမျိုးနွယ်အဓိကရုဏ်းအပေါ်ဒေါသထ...