Chapter 27

2.9K 530 18
                                    

Zawgyi
Chapter 27
(ရှောင်ပိုင်က တစိမ်းယောက်ျားအိမ်မှာသွားနေတယ်)

လီပိုင် စိတ်မထိန်းနိုင်စွာ ရှန်းလျန်ကျွင်း၏ ဒဏ်ရာကိုပင်ဂရုမစိုက်နိုင်တော့ဘဲ ထုရိုက်တော့သည်။
ခိုင်ဖုန်းလည်း ရှန်းလျန်ကျွင်း၏ရှေ့တွင်ဝင်ကာပေးလိုက်ပြီး ရိုက်ချက်တွေကိုယ်စားခံယူပေးရင်းကဆိုသည်
"ရှောင်ပိုင် 03ကိုထပ်မဆူပါနဲ့တော့။သူ့မှာအရိုက်ခံထားရတဲ့ဒဏ်ရာတွေနဲ့လေ တော်ကြာပိုဆိုးလာရင်ဘယ်လိုလုပ်မလဲ"

လီပိုင် စိတ်ငြိမ်သွားပါမှ နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မျက်စပစ်လိုက်ကြ၏။
ရှန်းလျန်ကျွင်း ချက်ချင်းသဘောပေါက်သွားပြီး သူ့လက်ထဲကတန်ဖိုးကြီးရတနာတွေကို လီပိုင်မဖြဲခင်ဖွက်ထားလိုက်တော့သည်။
ခိုင်ဖုန်းမှာလည်း လူငယ်လေးဒေါသပြေစေရန် ဟိုဟိုသည်သည်ပြောရင်းအာရုံလွှဲတော့သည်။

"ရှောင်ပိုင်...03ကမင်းကိုအရမ်းလွမ်းနေတာ မမြင်ရရင်သေရပါတော့မယ်ဆိုလို့ ကိုယ်သူ့ကိုဓာတ်ပုံလေးတွေလာပေးတာ။ဟုတ်တယ်မလား 03?"

"အမ်း"

"မင်းလဲသိတဲ့အတိုင်းဘဲ ကိုယ်တို့်အသွင်ပြောင်းလူသားတွေက စိတ်ခံစားချက်တွေလိုတယ်လေ။ဟုတ်တယ်ဟုတ်?အဲတော့ကာ မင်းရဲ့sexyကျတဲ့....ဘွာတေး ကိုယ်ဆိုလိုတာကကွာ ချစ်စရာကောင်းတဲ့ပုံတွေကွာ......ဒီချစ်စရာကောင်းတဲ့ပုံတွေက ကိုယ်တို့စိတ်ခံစားချက်တွေရဖို့အများကြီးအထောက်အကူပေးတယ်လို့ ဟုတ်တယ်မလား03?"

"အမ်း"

လီပိုင် စိတ်ငြိမ်သွားတယ်ဆိုတာ ဒီနှစ်ယောက်ကို အပြစ်မယူတော့ဘူးဆိုတဲ့အဓိပ္ပါယ်မဟုတ်ဘူးလေ။
သူပြုံးပြလိုက်ရင်း
"အိုး ကျွန်တော့်ပုံတွေကြည့်ပြီး ဘယ်စိတ်ခံစားချက်တွေထလာမလဲ ကောင်းကောင်းကြီးသိတာပေါ့။
ခံစားချက်တွေရလွန်လွန်းလို့ ခင်ဗျားတို့်ညီလေး*တောင်မာလာတယ်မလား!"

ခိုင်ဖုန်းမှာ လည်ချောင်းထဲလေဆို့သွားရကာ နောက်ထပ်စကားမဆိုရဲတော့ပေ။
သူတို့မိသားစုယုန်ပေါက်လေးက ဒေါသထွက်လာရင်အရမ်းကြောက်ဖို့ကောင်းတာဘဲလို့!

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Where stories live. Discover now