Chapter 25

2.8K 533 15
                                    

Zawgyi
Chapter 25
Morning Kiss!

လီပိုင် သမ်းဝေညည်းတွားလိုက်ပြီး အိပ်ရာထဖို့ပြင်၏။
သို့ပေသည့် သူ့ရင်ဘတ်ပေါ်မှခပ်လေးလေးအရာတစ်ခုကြောင့် ထ,ထိုင်တော့မည့်အကြံကို ရပ်ဆိုင်းလိုက်ရတော့သည်။
သူငုံ့ကြည့်လိုက်မိတော့ သူ့ရင်ဘတ်ပေါ်ခေါင်းတင်ပြီးနှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ခိုင်ဖုန်း၏ မှင်နက်ရောင်ဆံနွယ်များကိုဦးစွာမြင်လိုက်ရ၏။

လီပိုင်ငြိမ်ငြိမ်လေးနေပြီး သူ့ရင်ဘတ်ပေါ်အိပ်မောကျနေသည့် အမျိုးသား၏မျက်နှာချောချောကို မျက်တောင်မခတ်တန်းရှုကာ သူ့မျက်လုံးလေးများကိုအစာဝ,ဝကျွေးနေလိုက်တော့သည်။
မနေ့ညက သူ့လူပျိုရည်လေးမပျက်သွားခဲ့ပေမယ်လို့ ခြေဖမိုးနဲ့ပေါင်တံတွေတော့အနမ်းခံလိုက်ရတယ်။
ခိုင်ဖုန်းတစ်ယောက် ခြေတံတွေကိုအလွန်အမင်းစွဲလန်းနေသည့်ရောဂါရနေသလားတောင်သူတွေးမိတော့မတတ်ဖြစ်သွားရသေး၏။

ရိုးသားတဲ့ဖိုးသခွားလေးခိုင်ဖုန်းက သူ့ကိုအမှန်အတိုင်းဝန်ခံပါ၏။
ဒီလို သူ့ကိုဝတ်စုံတွေဆင်၊ဓာတ်ပုံတွေရိုက်တဲ့အကြံက ရှန်းလျန်ကျွင်းဆီကထွက်လာတာပါတဲ့။
ဒါပေါ့ သူကတော့ ဘယ်ယုံလိမ့်မလဲ။

လီပိုင် ထ,ထိုင်လိုက်ချင်ပေမယ့် တစ်ဖက်သူနိုးသွားမှာကိုလဲမလိုချင်ပြန်ပေ။
လီပိုင်တွေးမိ၏ ဒီအမျိုးသားကသာမန်အချိန်တွေမှာ နတ်ဆိုးတစ်ကောင်လို ထိပ်လန့်စရာကောင်းပေမယ့် အိပ်ပျော်နေချိန်မှာတော့ အပြစ်ကင်းလှသည့်မသေမျိုးနတ်ဘုရားတစ်ပါးနှင့်တူလှသည်...သူ့အင်္ကျီထဲထည့်ထားတဲ့လက်တစ်ဖက်ကိုဖယ်လိုက်ရင်ပေါ့။

နေခြည်နွေးနွေးဟာ ပြတင်းမှန်တံခါးကိုဖြတ်ပြီး အိပ်ရာထက်ကျရောက်လျက်ရှိနေသည်။
ခိုင်ဖုန်းမှာမျက်နှာပေါ်နေပြောက်ထိုး နေတာကြောင့် နှုတ်ခမ်းဆူကာ မျက်မှောင်ကြုပ်လိုက်မိသည်။
ဒီချစ်စဖွယ်အမူအယာလေးကြောင့်လီပိုင်မှာ ခုခံနိုင်စွမ်း မဲ့စွာနဲ့ သူ့နှလုံးသားလေးအရည်ပျော်သွားပြီဖြစ်ကြောင်း လက်ခံလိုက်ရတော့တယ်။
ဒီမြင်ကွင်းလေးက ကြည့်ရတာ မျက်လုံးပဒါသ,ရှိလှပေမယ့် တမုန်းကြည့်နေလို့မဖြစ်။
သူကကိစ္စမရှိပေမယ့် ခိုင်ဖုန်းကတော့ အလုပ်သွားဖို့လိုသေးသည်လေ။

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Where stories live. Discover now