Zawgyi
Chapter (36)
(ကျရှုံးသွားသည့် သွေးဆောင်ဖျားယောင်းမှုအစီအစဉ်)ဆောင်းရာသီသို့ကူးပြောင်းစပြုနေသောကြောင့် အပြင်ဘက်ပတ်ဝန်းကျင်တွင် လေအေးတစ်လွှာကလွှမ်းခြုံလို့ထား၏။
ထိုသို့သောရာသီဥတုကိုအံတုလျက် မုချန်တစ်ယောက်မှာ ဝေလီဝေလင်းအချိန်ကြီး၌ပင် သူ့သူငယ်ချင်းအိမ်သို့ရေးကြီးသုတ်ပြာသွားနေရရှာသည်။ခိုင်ဖုန်းက အိမ်ပေါက်ဝကနေသူ့ကိုရပ်စောင့်လို့နေသည်။
"ဝင်ခဲ့...ခုဏက လီပိုင့်တစ်ကိုယ်လုံးအေးစက်ပြီးတုန်ယင်နေတာ ဒါပေမယ့် သူအိပ်ပျော်သွားတာတော့ တုန်နေတာရပ်သွားတယ်""ငါနားလည်ပြီ"
သူတို့နှစ်ယောက်လုံး အိပ်ခန်းထဲ ဝင်သွားလိုက်၏။
ရှန်းလျန်ကျွင်းမှာ လူငယ်လေး၏အခြေအနေကိုတစ်ချိန်လုံးစောင့်ကြည့်လို့နေသည်။မုချန်က နားကြပ်နှင့် သာမိုမီတာကိုမထုတ်ခင် လူငယ်လေး၏ မျက်နှာဖျော့ဖျော့ကိုတစ်ချက်ကြည့်လိုက်သည်။
ကံကောင်းသည်က လူငယ်လေးမှာ ကယောင်ကတမ်းလှုပ်ရှား၍ စကားအချို့ယောင်နေသည်မှလွဲရင် ကျန်တာအားလုံးပုံမှန်အတိုင်းပင်။"ဆိုတော့ကာ.. လီပိုင် ဒီလိုမဖြစ်ခင် ဘာကြုံခဲ့ရသေးလဲ?ငါ့ကို အသေးစိတ်ပြောပြ"
မုချန်ထိုင်လိုက်ပြီး အသွင်ပြောင်းလူသားနှစ်ဦးကိုစတင်စစ်မေးတော့သည်။
"ငါမှတ်မိသလောက်ဆို မင်းတို့နှောင်ကြိုးဖွဲ့ဖို့ လုပ်နေကြတာမလား"ရှန်းလျန်ကျွင်းက လူငယ်လေး၏အနေအထားကိုပြု ပြင်ပေးလိုက်ပြီး ကျောပြင်လေးကိုဖွဖွပုတ်ပေး၏။
"ဟုတ်တယ် ငါတို့ နှောင်ကြိုးဖွဲ့နေတာ။ဒါပေမယ့် ရုတ်တရက် လီပိုင့်တစ်ကိုယ်လုံးကတောင့်တင်းသွားပြီး တဆတ်ဆတ်တုန်လာတော့တာဘဲ။နောက်ပြီးခန္ဓာကိုယ်အပူချိန်လည်းထိုးဆင်းသွားတယ်"ခိုင်ဖုန်းကဆိုသည်။
"အဲ့လိုမဖြစ်ခင် လီပိုင်က စောင်ကိုဆွဲပြီး သူ့မျက်နှာကိုတော့အုပ်လိုက်သေးတယ်"မုချန်၏မျက်ဝန်းများမှာ တစ်စုံတစ်ရာကိုစဉ်းစားနေသည့်ပမာ ကျဉ်းမြောင်းစူးရှလို့နေသည်။
"လီပိုင့်တုန့်ပြန်မှုက ထိတ်လန့်မှုတစ်ခုကြာင့်ထိန်းချုပ်မရဖြစ်သွားတဲ့ပုံဘဲ။ဘာကများ သူ့ကိုအဲ့သလိုထိတ်လန့်စေတာလဲ?"
ESTÁS LEYENDO
အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)
RomanceOriginal Author - iamducklingwriter (I own Nothing.Just translation.) ဆယ်ရက်ဆယ်ညလုံးလုံးကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေခဲ့တယ်။ သက်ရှိဂြိုလ်ကြီးတစ်လုံးဖြစ်တဲ့"ကမ္ဘာဂြိုလ်"ကြီးဟာ အသိဥာဏ်၊တွေးခေါ်နိုင်စွမ်းတွေမြင့်မားလာခဲ့ပြီး လူသားမျိုးနွယ်အဓိကရုဏ်းအပေါ်ဒေါသထ...