Chapter 17

3.6K 675 55
                                    

Zawgyi
Chapter (17)
ကျောက်စိမ်းဧကရာဇ်

Agent 013မှာ နတ်ဘုရားတွေကိုအရိုအသေပေးလိုက်ပြီး ကောင်းကင်ဘုံနန်း၏ဧရာမစင်္ကြံကြီးကိုဖြတ်လျှောက်လာခဲ့သည်။
သူ့အတွက် ကောင်းကင်ဧကရာဇ်ရဲ့ နန်းဆောင်ကိုအခစားဝင်ရတာ ဒါဒုတိယအကြိမ်ပါပင်။

လွန်ခဲ့တဲ့ထောင်စုနှစ်တုန်းက ကောင်းကင်ဧရာဇ်ဆီအခစားဝင်ရတဲ့အချိန်ကိုမှတ်မိသေး၏။
ထိုအချိန်တုန်းက သူဟာ ကျွင်းပိုင်ချန်လို့ အမည်တွင်ခဲ့ပြီး အမတတစ်ပါးဖြစ်အောင်ပင်ကျင့်ကြံနိုင်ခဲ့သည့်လူသားကျင့်ကြံသူတစ်ဦးဖြစ်ခဲ့လေသည်။
ကောင်းကင်တံခါးကိုကျော်ဖြတ်ပြီး အထက်ဘုံကို ခမ်းနားကြီးကျယ်စွာ ခြေချခဲ့ဖူးသည်။

သူ့ကိုမွေးဖွားပြီး,ပြီးခြင်းမှာဘဲ ကျွင်းမျိုးနွယ်စုတစ်ခုလုံးမှာ ကပ်ဘေးကြီးကျပြီး မွေးကင်းစကလေးငယ်လေးကျွင်းပိုင်ချန်ကလွဲပြီး အကုန်လုံးပျက်သုဉ်းသေဆုံးခဲ့ရလေသည်။
ဒါ့ကြောင့် တိုင်းပြည်တစ်လုံးကသူ့ကို ကပ်ဆိုးကောင်လို့သမုတ်ပြီး ဝေးဝေးမှရှောင်ကြ၏။

တကယ်လဲ သူဟာကပ်ဆိုးမိစ္ဆာတစ်ကောင်ပါပင်။
သူနဲ့ ထိမိ၊အကြည့်ချင်းဆုံမိသည့် မည်သည့်သတ္တဝါမဆို သေဆုံးရချည်းမြဲသာ။
သူတစ်ကိုယ်တည်း တောတောင်ထဲမှာ လူမမြင်၊သက်ရှိသတ္တဝါဆိုတာမမြင်ဖူးပါဘဲ ရုန်းကန်ရှင်သန်ရ၏။

တစ်နေ့မှာတော့ မင်းသားတစ်ပါးဟာ လုပ်ကြံခံရပြီးသူနေသည့်ချောက်ထဲပြုတ်ကျလာခဲ့သည်။
ထိုမင်းသားမှာခြေတစ်ဖက်ကျိုးသွားရုံသာမက၊စက္ခုအမြင်အာရုံပါဆုံးရုံးသွားခဲ့သည်။
ကျွင်းပိုင်ချန် မှာထိုမင်းသားငယ်ကို သနားသွားပြီးကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးတော့သည်။

မင်းသားလေးမှာ ကြာဖြူ ပန်းလေးလိုစိတ်နှလုံးကြင်နာလှပြီး ပျော်ပျော်နေတတ်သူလဲဖြစ်သည်။
ကျွင်းပိုင်ချန် ဘယ်လိုပင်တားမြစ်ပါစေ ထိုမင်းသားလေးမှာ သူ့အသက်သခင်ကျေးဇူးရှင်ကို ထိကိုင်နိုင်ရန်ကြိုးစားနေတုန်းပင်။

အဲ့ဒီနောက်မှာတော့ ဖန်တရာတေနေတဲ့ဇာတ်ေ
ကြာင်းတွေအတိုင်း သူတို့နှစ်ဦးဟာ အိုးချင်းထားထိ ကြိုးချင်းထားငြိပြီး ချစ်ကျွမ်းဝင်ခဲ့ကြတော့၏။
ဖြစ်ချင်တော့ ထိုမင်းသားလေးမှာ လူတကာမထိရဲမ
ကြည့်ရဲသည့်ကပ်ဆိုးမိစ္ဆာကြီးကို ထိကိုင်လို့ရတဲ့အပြင် papapaလို့တောင်ရကြသေးသတဲ့။

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)حيث تعيش القصص. اكتشف الآن