Zawgyi
Chapter 42
(အသွင်ပြောင်းလူသားမျိုးနွယ်စုရဲ့အလှတရားက ရင်သပ်ရှုမောဖွယ်ဘဲ)တောက်ပတဲ့နေရောင်ခြည်က ကမ္ဘာမြေပေါ်ဖျာကျလို့နေပြီး နွေဦးလေပြေက အေးမြတဲ့ခံစားချက်ကိုပေးစွမ်းလေတယ်။
လူတိုင်းက မိမိတို့အိမ်ရှိ ရေဒီယိုနှင့်ရုပ်မြင်သံကြားစက်များရှေ့တွင် ကိုယ်စီထိုင်နေကြ၏။
အစည်းအဝေးကိုမွန်းလွဲ၉နာရီတွင် စတင်မည်ဖြစ်ပြီး အများပြည်သူကြည့်ရှုနိုင်စေရန် အစည်းအဝေးစတင်ချိန်မှစ၍ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။
ထိုသို့ ပွင့်လင်းမြင်သာမှုရှိသည်မှာကောင်းသော်လည်း တစ်ဖက်ကကြည့်ပါက 01နဲ့02 စကားပြောမှားခဲ့ပါက သူတို့အကြံအစီအားလုံးသဲထဲရေသွန်ဖြစ်သွားလိမ့်မည်မှာဧကန်။လက်ရှိအင်အားအကြီးဆုံး အသွင်ပြောင်းလူသားဖြစ်သည့် 01မှာ အမျိုးသမီးတစ်ဦးဖြစ်လေသည်။
ထို့ကြောင့် လူတိုင်းက 01နဲ့02ကို စုံတွဲတွေဟုထင်နေကြ၏။
မုချန်မှာ သူ့လူအကြောင်းပြောဆိုနေသူများအား ရိုက်နှက်ပစ်ချင်သည့်ဆန္ဒကို အတင်းဖိနှိပ်ထားပြီး ပြုံးပြနေရရှာသည်။
သူတို့ကိုယ်တိုင်ထုတ်မပြောသ၍ သူဟာထိုအသွင်ပြောင်းလူသားများနဲ့ပတ်သက်ဆက်နွယ်နေမှန်း မည်သူမျှသိလိမ့်မည်မဟုတ်ပေ။ကိုယ်စားလှယ်နှစ်ဦး အနောက်မှစောင့်ကြည့်နေစဉ် 01က သူမဘေးရှိ ပီတိဖြာနေသည့်အမျိုးသားကိုကြည့်လိုက်ပြီး
"မင်းကိုယ်မင်း ကြည့်စမ်းပါဦး...မင်းမိတ်ကို အရိုးတွေကျိုးတဲ့အထိတော့မလုပ်ခဲ့ဘူးမလား ဟမ်?"တစ်ဖက်အမျိုးသားက သူမကိုစိတ်အနှောက်အယှက်ဖြစ်သည်ဟူသောအကြည့်တို့ဖြင့်ကြည့်လာသည်။
"သူက ကြည်ကြည်ဖြူ ဖြူလိုက်လျောပေးတာ။ဒါ့အပြင် ငါ သူ့limitကိုသိတယ်""ငါလည်းအိမ်ပြန်ရောက်ရင် ငါ့ယောက်ျားနဲ့နောက်ထပ်ကလေး,လေးတွေ'လုပ်'ဦးမှပါဘဲ"
01က အိမ်မှာကျန်ခဲ့သည့် သူမ ယောက်ျားကိုမြင်ယောင်ကာ နှုတ်ခမ်းကိုလျှာဖြင့်သတ်လိုက်ပြီး တမ်းတမ်းတတဆိုသည်။
02လည်း ထိုအမျိုးသမီးကိုအရေးတယူလုပ်မနေတော့ပေ။
ထိုအစား အိပ်ယာထဲမှာနောက်ထပ်ငိုကြွေးရတော့မည့် သူငယ်ချင်းဖြစ်သူကိုမြင်ယောင်ကာ တိတ်တိတ်လေးဖယောင်းတိုင် ထွန်းပေးလိုက်တော့သည်။
![](https://img.wattpad.com/cover/235144546-288-k164343.jpg)
YOU ARE READING
အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)
RomanceOriginal Author - iamducklingwriter (I own Nothing.Just translation.) ဆယ်ရက်ဆယ်ညလုံးလုံးကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေခဲ့တယ်။ သက်ရှိဂြိုလ်ကြီးတစ်လုံးဖြစ်တဲ့"ကမ္ဘာဂြိုလ်"ကြီးဟာ အသိဥာဏ်၊တွေးခေါ်နိုင်စွမ်းတွေမြင့်မားလာခဲ့ပြီး လူသားမျိုးနွယ်အဓိကရုဏ်းအပေါ်ဒေါသထ...