[Unicode]
ကောင်းယွင်ချန်၏ မျက်နှာမှာ အရှက်တရားနှင့် အမျက်ဒေါသတို့ကြောင့် ရဲတက်သွားပြီးလျှင် ကျိန်ဆဲလိုက်မိတော့သည်။
"ငါမဟုတ်ဘူးဆိုရင် မင်းကကော....!?"
ယွီချင့်ဟွမ်ဆိုသူကို မနေ့တနေ့ကမှသူစသိတာဖြစ်သည်။
ကောင်းယွင်ချန်အတွက်ကတော့ ယွီချင့်ဟွမ်အပေါ်တွင်ရှိသည့် အကြီးမားဆုံးထင်မြင်ချက်မှာ ဇာတ်ကားတွင်သူ့နေရာအားလုယူသွားသည် ဟူ၍ပင်။
ယွီချင့်ဟွမ်နှင့်ပတ်သက်သည့် ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ အချက်အလက်များကိုတော့ သူဘာတခုမျှမသိပေ။
အနုပညာလောကဝယ် မြင့်မားသည့်ပညာရေးနောက်ခံအရည်အချင်းများရှိသည့်အနုပညာရှင်များရှိသော်လည်း အရမ်းတော့မများပေ။
ဒါကြောင့်မို့ပဲ ကောင်းယွင်ချန်ကယုံကြည်ချက်ရှိရှိခွန်းတုံ့ပြန်ပြောဆိုဝံ့တာဖြစ်ပေသည်။
မမျှော်လင့်ထားပါပဲ သူ့စကားတောင်နေရာယူလို့ မဆုံးသေး ယွီချင့်ဟွမ်ကခေါင်းကိုငြိမ့်လိုက်၏။
"ဟုတ်တယ်လေ ငါက...မင်းဘယ်လိုလုပ်သိလဲ...?"
ကောင်းယွင်ချန်၏လည်ချောင်းထဲတွင်တော့ ဝေဖန်ပြစ်တင်လိုမှုတွေနှင့် ထွေးမရအန်မရပြည့်အင့်လို့နေချေ၏။ ထိုအရာမှာသူ့အားနာကျင်မှုဖြင့်ဆို့နင့်လာစေသည်။
ဒီယွီချင့်ဟွမ်ဆိုသူကတကယ်ကြီး ဟွာတတက္ကသိုလ်ကနေကျောင်းပြီးတာပေါ့....? မဖြစ်နိုင်လိုက်တာ
ဒင်းလိမ်နေတာပဲဖြစ်ရမယ်...!သူဟာလက်သီးကိုတင်းတင်းဆုပ်ပြီး တစ်စုံတစ်ခုပြောလိုက်ချင်ပေမယ့် သူ့စိတ်မှာဟာလာဟင်းလင်း ဖြစ်လို့နေချေသည်။
နေ့တစ်ဝက်ခန့်လောက်ရှာဖွေရင်တောင် ပြောစရာစကားလုံးတစ်လုံးမျှမပြောထုတ်နိုင်ဘဲ တည်ငြိမ်အေးဆေးနေသောယွီချင့်ဟွမ်နှင့် မျက်နှာချင်းဆိုင်နေရ၏။ ကောင်းယွင်ချန်သည် အရှက်တကွဲ အကျိုးနည်းခံစားလိုက်ရပေသည်။
ယွီချင့်ဟွမ်မှာ သူ၏ဟန်ဆောင်ပန်ဆောင်ဂိုက်ဖမ်းမှုကို အတန်ငယ်လေးစားသွားမိပြီး ယွီရှင်းကို အားရကျေနပ်စွာဆွဲခေါ်လို့ အဆောင်သို့ပြန်ပို့လိုက်သည်။
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...