[Unicode]
Ada ရဲ့ ဒီဇိုင်းဒါရိုက်တာ အဲဗန်ဆန်ဆိုသူမှာ ရွေအိုရောင်ဆံပင် မိုးပြာရောင်မျက်လုံးများနဲ့ လူချောတယောက်ဖြစ်ကာအလွန်တရာပွင့်လင်းဖော်ရွေ၏။
ယွီချင့်ဟွမ်ကိုမြင်လိုက်တာနဲ့တပြိုင်နက် သူကဖက်လှဲတကင်းနှုတ်ဆက်ရန်ကြိုးပမ်းလိုက်သည်။
သို့ရာတွင်ချင့်ဟွမ်အားထိတွေ့တော့မည့်ဆဲဆဲမှာဟော်ချွီထံမှတားမြစ်ပိတ်ပင်ခြင်းခံလိုက်ရပေ၏။
အဲဗန်ဆန်မှာ အနည်းငယ်ရှုပ်ထွေးသွားပြီး
ဘာများဖြစ်လို့လဲမေးရန်ကြံလိုက်ပေမယ့် ဟော်ချွီ၏ စူးရဲခက်ထန်နေသောမျက်ဝန်းတွေအားမြင်လိုက်ရသောအခါ ချက်ချင်းပဲသဘောပေါက်နားလည်သွားတော့သည်။ယွီချင့်ဟွမ်အပေါ် စက္ကန့်ပိုင်းလောက်အကြည့်တွေတဝဲလည်လည်လုပ်နေပြီးခါမှ သူသည်ချင့်ဟွမ်နှင့်ခန္ဓာကိုယ်ချင်းထိတွေ့ရင်းနှီးဖို့မကြိုးစားတော့ပဲလိုရင်းဖြစ်သည့် Ada ကြော်ငြာကိစ္စဆီသာ ရောက်သွားတော့သည်။
အလုပ်လုပ်နေတဲ့စပ်ကြားမှာတော့ အဲဗန်ဆန်ဟာအတော်လေးလေးနက်နက်ရှိသည်။သူသည်ယွီချင့်ဟွမ်ရဲ့ခန္ဓာကိုယ်အချိုးအစားအချက်အလက်များကိုအသေးစိတ်တောင်းဆိုပြီး ယွီချင့်ဟွမ်အား သူ့အတွက်ပို့စ်အနည်းငယ်ပြုလုပ်ခိုင်းကာ အတူရှိနေသည့်ဓါတ်ပုံဆရာကိုတောင် ပုံအနည်းငယ်ရိုက်ကူးခိုင်းလိုက်သေးသည်။
ထိုပုံများနှင့်ယွီချင့်ဟွမ်မျက်နှာကိုအသေးစိတ်ကြည့်ရှုလေ့လာပြီးမှ သူသည်ပုံများကိုအောက်ချထားလိုက်ပြီး ယွီချင့်ဟွမ်ထံလက်ဆွဲနှုတ်ဆက်လိုက်သည်။
"လာမယ့်နှစ်မှာ ငါတို့ပြည့်စုံကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုလေးတွေဖြစ်လာစေဖို့ မျှော်လင့်ပါတယ်"
ဒါဖြင့်...သူရသွားပြီပေါ့?! အပေါ်ယံလေးတချက်နှစ်ချက်လောက်ကြည့်ပြီးတာနဲ့ သူ့ကိုသုံးဖို့ဆုံးဖြတ်လိုက်တယ်?Ada ရဲ့ Spokesman ရွေးချယ်မှုကအမြဲဒီလိုဖြစ်ကတက်ဆန်းပဲလား?
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...