Cha-88

2.5K 427 19
                                    

[Unicode]

ဆူညံလှတဲ့ဆုပေးပွဲအခမ်းအနားကြီးမှာ ချက်ချင်းကိုတိတ်ဆိတ်ငြိမ်သက်ခြင်းထဲကို ကျရောက်သွားတော့သည်။ ဒီလိုအချိန်မှာ ယွီချင့်ဟွမ် သူ့ရဲ့အချစ်ဇာတ်လမ်းကို လူသိရှင်ကြားဖွင့်ချလိမ့်မည်ဟု ဘယ်သူကမှမျှော်လင့်မထားခဲ့။

တစ်မိနစ်လောက်နေပြီးနောက်မှာတော့ နေရာမှာရှိနေကြတဲ့အနုပညာကြယ်ပွင့်များအားလုံး ဘာတွေဖြစ်ပျက်နေလဲဆိုတာကို စတင်သဘောပေါက်လာကြ၏။ ထို့နောက်မှာ ဆူညံအော်ဟစ်သံများ လေချွန်သံများက မျက်နှာကျက်ထိတိုင်ရိုက်ခတ်သွားတော့သည်။

"မိုက်တယ်၊ ချင့်ဟွမ် ၊ ဆက်လုပ်ထား!"

"အိုးမိုင်ဂေါ့! မင်းကအရမ်းသတ္တိရှိတာပဲ၊ ကျယ်ကျဲ မင်းကိုအားပေးထောက်ခံနေမယ်"

"ဆုမွန်ကောင်းတောင်းပေးနေပါတယ်၊ မင်းရဲ့မင်္ဂလာဆောင်ကို ကိုယ်တွေကိုဖိတ်ဖို့မမေ့နဲ့နော်!"

....

အနုပညာရှင်များမှာ သမီးရည်းစားဆက်ဆံရေးအပေါ်အလွန်သတိရှိကြသည်။ သူတို့၏နာမည်ကျော်ကြားမှု၊ တခြားရှုထောင့်မျိုးစုံကို ထည့်သွင်းစဉ်းစားရန်လိုသောကြောင့် လူအများစုမှာ ခိုးကြောင်ခိုးဝှက်ချစ်သူထားကြတာ မဟုတ်ရင် လူမသိသူမသိလက်ထပ်ကြတာကိုပဲ ရွေးချယ်ကြသည်။ ထိုအတွက်ကြောင့် ယွီချင့်ဟွမ်၏ရှားပါးလှသောရိုးသားမှုစိတ်ရင်းမှန်မှာ အရမ်းကိုတန်ဖိုးရှိနေသည်။

လှပပြည့်စုံသောအချစ်နှင့်စပ်လျဉ်းပတ်သက်၍ များစွာသောလူတွေဟာ မျှော်လင့်ချက်လေးတခုတော့ အနည်းဆုံးရှိကြသည်ဖြစ်ရာ ဒီလိုကြောင့်ပဲ စစ်မှန်လွန်းတဲ့အချစ်ကို တွေ့မြင်လိုက်ရတိုင်းမှာ သူတို့ဟာ အထူးတလည်စိတ်လှုပ်ရှားကြည်နူးမိကြမည်သာ။

ပုံမှန်အားဖြင့် တသီးတသန့်ဆန်သောအနုပညာရှင်များမှာ အတော်လေးကိုစိတ်လွတ်ကိုယ်လွတ်အားမာန်အပြည့်ပုံစံမျိုးပြုမူလာကြပြီး သူတို့လက်တွေကိုစပီကာတစ်ခုလိုအသုံးချကာ စင်ပေါ်သို့စိတ်လှုပ်ရှားစွာအော်ဟစ်နေကြသည်။

အလင်းအမှောင်ဒါရိုက်တာမှာလည်း လေထုကိုဘယ်လိုအရိပ်အကဲဖမ်းရမလဲနားလည်ကာ ယွီချင့်ဟွမ်အပေါ်မှာထိုးထားတဲ့အလင်းရောင်ကလွဲလို့ ကျန်တဲ့အလင်းရောင်မှန်သမျှကို ပိတ်ထားလိုက်သည်။

ရည်းစား​လေးပဲထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now