[Unicode]
ယွီချင့်ဟွမ် ရုပ်ရှင်အဖွဲ့သားတွေနှင့်သွားရောက်ပူးပေါင်းပြီး နောက်တနေ့ရောက်ရင် ရိုက်ကူးရေးစတင်တော့သည်။အကုန်လုံးဟာ မထင်မှတ်ထားလောက်သည်အထိ အရာရာအဆင်ပြေချောမွေ့နေ၏။
ဝမ်ရွေရွေဟာ ယွီချင့်ဟွမ်ကိုသဘောကျနှစ်သက်ကြောင်း လူတိုင်းကသေချာပေါက်ပြောနိုင်လေသည်။
ကျောက်ရွေက ယွီချင့်ဟွမ်နှင့်သူမအားတကိုယ်တည်းရှိနေဖို့ ဘယ်သောအခါမှခွင့်မပြုပေမယ့် သူမဟာအခွင့်သာတာနဲ့ယွီချင့်ဟွမ်နံဘေးရောက်ရောက်သွားတက်၏။
ရလာဒ်အနေနဲ့ ရိုက်ကူးရေးလုပ်စဥ်မှာ သူမဟာ ညီမငယ်လေးတယောက်၏အကိုကြီးတယောက်အပေါ်ထားရှိသောစိတ်ခံစားချက်ကို ကွက်တိပုံဖော်ပြသသွားနိုင်တာမို့ မမျှော်လင့်ထားရအောင်အံ့အားသင့်ရသည်အထိပင်။
ယွီချင့်ဟွမ်ကလည်း ဝမ်ရွေရွေကို သဘောကျနှစ်သက်သည်။ကလေးမလေးဟာငယ်ရွယ်သေးပေမယ့် ဇာတ်ကားတော်တော်များများမှာပါဝင်ရိုက်ကူးဖူးတာကြောင့် သရုပ်ဆောင်တာတကယ့်ကိုမဆိုးလှပေ။
ပိုအဖိုးထိုက်တန်တဲ့အရာကတော့ သူမဟာအတော်လေးလိမ္မာရေးချားရှိနေခြင်းပင်။ပင်ပန်းဆင်းရဲသောအခြေအနေများတွင်တောင်မှ သူမဟာဘယ်သောအခါမှအထွန့်မတက်ပဲ ဒါရိုက်တာခိုင်းတဲ့အတိုင်းဘာမဆိုလုပ်ပေးခဲ့သည်။
သူမ၏ဇာတ်ဝင်ခန်းမရှိရင် ဘေးနားတွင်တိတ်တဆိတ်လေးထိုင်နေပြီး နတ်သမီးပုံပြင်စာအုပ်လေးတွေဖတ်နေတာ ဒါမှမဟုတ်ရင် တယောက်တည်းတွေဝေငေးမောနေတက်၏။
သူမငိုခဲ့တဲ့တခုတည်းသောအချိန်ကတော့ သူမဘာသာမတော်တဆချော်လဲပြီး အရမ်းနာလို့မျက်ရည်တွေပိုးပိုးပေါက်ပေါက်စီးကျလာသောတခေါက်သာ။
တနေ့တာရိုက်ကူးပြီးစီးသွားတဲ့အခါ ကျောက်ရွေမှ ဝမ်ရွေရွေအား ကိုယ်တိုင်ကိုယ်ကျဟိုတယ်ပြန်ပို့ပြီး စက်ပစ္စည်းများထုပ်ပိုးသိမ်းဆည်းရန်ပြန်ရောက်လာသည်။ယွီချင့်ဟွမ်ကနေ သူ့အခန်းသို့မပြန်သေးပဲ နောက်လိုက်အဖြစ် ကူညီလုပ်ကိုင်ပေးနေ၏။
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...