[Unicode]
ဆင်ခြေဖုံးအရပ်ဒေသရှိ ကြီးကျယ်ခမ်းနားသောဗီလာတခုတွင်ရှန်ယီမှာဆိုဖာပေါ်တွင်ထိုင်နေရင်း သူ့ Weibo အားပျင်းရိပျင်းတွဲအိပ်ချင်မူးတူးပွတ်သပ်ကြည့်ရှုနေသည်။
ကောမန့်အများစုမှာသူ့ဘက်မှာရှိနေကြောင်းတွေ့လိုက်ရတာမို့ စိတ်အခြေအနေမှာအတော်လေးတက်ကြွကောင်းမွန်နေ၏။
ဖုန်းကိုဘေးချထားလိုက်ပြီး သူ့အေးဂျင့်အသစ်ရွှီနင်ထံလှမ်းပြောလိုက်သည်။
"ဒီဖန်တွေက ခုလိုအရေးအကြောင်းကျ တကယ်အသုံးဝင်သားပဲ"
အမှန်တော့ သူဟာအေးဂျင့်ကိုခုလောက်ကြီးလူသိရှင်ကြားပြောင်းလဲပစ်ဖို့မရည်ရွယ်ခဲ့ပေ။
ဘာပဲဆိုဆို ဒါကသင့်တင့်လျောက်ပတ်သောကိစ္စမှမဟုတ်လိမ့်ပဲ။သို့သော် ရွှီနင်ကသူ့အားအချိန်မီလေးအလင်းပြသွားခဲ့၏။
တခါတရံမှာ မင်းအနေနဲ့ တစုံတခုကိုအလိုရှိလာရင် တစုံတခုကိုစတေးရလိမ့်မယ်ဆိုတာကိုပေါ့။
ထို့ပြင် ယွီချင့်ဟွမ်ဆိုတာက ပိုက်ဆံကော ကျောထောက်နောက်ခံပါမရှိသည့်အပြင် မိဘပါမရှိသည့် မျက်နှာသစ်တယောက်သာသာပဲမို့ ကြောက်ရွံ့နေစရာလဲအကြောင်းမရှိပေ။
သို့ရာတွင်ဘာပဲဆိုဆို ရှန်ယီမှာဒီလောကမှာကျင်လည်ကျက်စားနေတာနှစ်ပေါင်းများစွာရှိနေပြီမို့ အထူးသတိရှိသည်ဆိုရမည်။
ရွီနင်နဲ့အကြံအစည်တခုရေးဆွဲပြီးတာနှင့် သူကယွီချင့်ဟွမ်ရဲ့အချက်အလက်များကိုတိတ်တဆိတ်ခိုးယူရုံသာမက "The Line of Life and Death" ရိုက်ကူးရေးမှာ သူ့အကြောင်းတွေမေးမြန်းစုံစမ်းခဲ့သေးသည်။
ယွီချင့်ဟွမ်ရဲ့အခြေအနေမှန်ကို ဂဃနဏသိရတာကျိန်းသေမှ ယနေ့ပို့စ်၂ခုအားတင်ခဲ့ခြင်းဖြစ်၏။
အနုပညာလောကထဲတွင် ချောမောလှပသည့် ရုပ်ရှင်မင်းသားနဲ့မင်းသမီးအသစ်အသစ်တွေက
မရေမတွက်နိုင်လောက်အောင်အဆက်မပြတ်ပေါ်ပေါက်နေသည်။
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...