[Unicode]
ယွီချင့်ဟွမ်နိုးလာတော့ နောက်တနေ့မနက်တောင်ရောက်လုနေလေပြီ။
သူ့ခေါင်းမှာမူးတူးမူးနောက်ဖြစ်လို့နေပြီး လည်ချောင်းမှာခြောက်ကပ်နာကျင်နေတာကြောင့် အလွန့်အလွန်မသက်မသာခံစားနေရ၏။
ခုတခေါက်အဖျားကအတော်လေးပြင်းထန်သွားမှန်းသိပြီးသည့်နောက် ယွီချင့်ဟွမ်ဟာမျက်လုံးများဖွင့်ပြီး ယွီရှင်းထံအကျိုးအကြောင်းမေးမြန်းရန်လုပ်လိုက်ရာတွင် သူ့ရှေ့တည့်တည်က အနီးကပ်မျက်နှာချောချောကြီးကိုမြင်လိုက်ရတာကြောင့်အံ့အားသင့်တုန်လှုပ်သွားရ၏။
"ဟော်ချွီ? မင်းဒီမှာဘာလုပ်နေတာလဲ?"
"မင်းဖျားနေတယ်ဆိုတာကြားလို့ ကိုယ်ရောက်လာတာ"
ဟော်ချွီဟာ အရိုးခံအတိုင်းအဖြေပေးလိုက်၏။
ယွီချင့်ဟွမ်မှစောင်ကိုမပြီး ထထိုင်လိုက်တာမြင်လိုက်ရရင် သူဟာချက်ချင်းပဲအိတ်ကပ်ထဲကမှတ်စုစာအုပ်လေးကို တိတ်တဆိတ်ထုတ်ယူလိုက်ပြီး ကမန်းကတန်းဖတ်လိုက်ကာ ကပျာကယာပြန်ထိုးထည့်လိုက်၏။
နှစ်ယောက်သားမှာအင်မတန်နီးကပ်နေတာကြောင့်သူ့လှုပ်ရှားမှုအသေးလေးကအစ ယွီချင့်ဟွမ်မျက်စိအောက်က ဘယ်လိုမှပြေးမလွတ်ပေ။
ယွီချင့်ဟွမ်မှာ တဖက်လူဘာတွေလုပ်နေတာလဲဆိုတာမေးတော့မလို့လုပ်ဆဲဆဲ ဟော်ချွီမှာခေါင်းလေးမော့လာပြီး သူ့နှုတ်ခမ်းများကို ရှက်ကိုးရှက်ကန်း စေ့ပိတ်ထားရင်းကမေးလာ၏။
"ချင့်ဟွမ် မင်းရေဆာနေလား?"
"အင်း နည်းနည်းပေါ့"
ယွီချင့်ဟွမ်မှာ ဟော်ချွီစကားအကြောင်းအရာနောက် အမှတ်မထင်မျောပါသွား၏။
ဟော်ချွီမှရေနွေးပူပူလေးသွားယူရန် စိတ်လှုပ်ရှားတက်ကြွစွာပြေးထွက်သွားတော့မှ ဟော်ချွီသူ့မေးခွန်းကိုမဖြေသွားမှန်းသူသတိပြုမိသွားတော့သည်။
သို့ရာတွင်ယခုအချိန်မှာ သူများများစားစားအာရုံမစိုက်နိုင်သေး။ဒါနှင့်နှိုင်းယှဥ်လာရင် သူ့မှာပိုအရေးကြီးတဲ့ပြသနာမေးခွန်းတခုရှိနေသည်..။
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...