Cha-90

2.5K 452 13
                                    


ဟော်ချွီပြန်ရောက်တော့ ညဉ့်နက်နေလေပြီ။ ယွီချင့်ဟွမ်စောင့်နေရင်းစောင့်နေရင်း နောက်ဆုံးမှာမနေနိုင်တော့ဘဲ နွေးထွေးသော အိပ်ယာဝင်မီးအိမ်ဖွင့်ထားရင်း ကုတင်ခေါင်းရင်းကိုမှီကာ အိပ်ပျော်သွားခဲ့သည်။

အကြင်သူအားနှိုးမိမှာစိုးရိမ်သောကြောင့် ဟော်ချွီဟာ တခြားအခန်းထဲကရေချိုးခန်းမှာသွားရောက်ရေချိုးသန့်စင်ခဲ့ပြီး သူ့ကိုယ်ပေါ်ကအစိုဓာတ်တွေခြောက်လာအောင်စောင့်ပြီးမှ စောင်ကိုဂရုတစိုက်ဆွဲမလို့ ယွီချင့်ဟွမ်ဘေးခိုးကြောင်ခိုးဝှက်ဝင်လှဲလိုက်၏။

မမျှော်လင့်ဘဲ ယွီချင့်ဟွမ်နိုးလာခဲ့သည်။ မျက်လုံးတွေကိုအိပ်ချင်မူးတူးဖြင့်ဖွင့်လိုက်ပြီး သူကမေးလာ၏။

“ဘယ်အချိန်ရှိပြီလဲ”

"ဆယ့်တစ်နာရီ ၃၆မိနစ် ၃ဝစက္ကန့် "

ချင့်ဟွမ် သူ့ကိုလက်ဆောင်ပေးထားတဲ့နာရီကိုကြည့်ပြီး ဟော်ချွီပြန်ဖြေလိုက်သည်။ ကလေးငယ်ကို‌ပွေ့ဖက်ထားသလိုမျိုး အကြင်သူ၏ကိုယ်အနေအထားကို ညင်သာစွာရွေ့လျားစေပြီး သူ့ရင်ခွင်ထဲပွေ့ဖက်ထားလိုက်၏။

ယွီချင့်ဟွမ်နည်းနည်းလောက်ပိုနိုးကြားလာပြီး အကြင်သူ့ရင်ခွင်ထဲ ပိုသက်တောင့်သက်သာရှိသောအနေအထားကို သူ့အလိုလိုရှာ‌ဖွေတွေ့ရှိသွားခဲ့သည်။

"ထမင်းစားပြီးပြီလား? စားဖို့တစ်ခုခုသွားနွေးပေးရမလား"

သူ၏လွတ်နေသောပခုံး လုံးလုံးလျားလျားဖုံးကွယ်သွားသည်အထိ ဟော်ချွီကစောင်ကိုဆွဲယူခြုံလိုက်ကာ စောင်၏အနားသတ်ကိုဖိပေးလိုက်၏။ ညအိပ်ရာဝင်မီးကိုလှမ်းပိတ်ရန် လက်ကိုဆန့်ထုတ်လိုက်ပြီး "ကိုယ်စားပြီးခဲ့ပြီ"

ညစာစားဖို့အချိန်ရောက်လာတာနှင့် သုတေသနအင်စတီကျုမှ ဟော်ချွီ၏လက်ထောက်ဖြစ်သူမှာ လုပ်နေမြဲအတိုင်း ကန်တင်းက စားစရာတစ်ခုခုယူဖို့ သူ့အားကူညီပေးလိမ့်မည်ဖြစ်သည်။ ဟော်ချွီဟာ အစားအစာဇီဇာကြောင်သူမဟုတ်ပေ။ သို့ပေမယ့် အခုတလော ကန်တင်းကအစားအစာများက ပိုပိုဆိုးလာသည်ဟုခံစားနေရ၏။

ရည်းစား​လေးပဲထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now