[Unicode]
အဌားကားပေါ်တွင် ယွီချင့်ဟွမ်မှ ဟော်ချွီအား မေးမြန်းလိုက်သည်မှာ
"မင်းဘာစားချင်လဲ...ကွမ်တုံအစားအစာ... စီချွမ်အစားအစာလား ဒါမှမဟုတ် အရှေ့တောင်အာရှ အစားအစာလား..ငါက အကုန်အဆင်ပြေတယ်.. မင်းကြိုက်တာတခုရွေး"
ဟော်ချွီသည် သူ၏နက်မှောင်နေသည့်မျက်လုံးများဖြင့်ရှေ့တူရူကိုသာစိုက်ကြည့်နေပြီး နေရာမှာတင်တောင့်တောင့်မတ်မတ်ကြီးထိုင်လို့နေလေသည်။
သူဘာတွေတွေးနေတယ်ဆိုတာ မည်သူကမျှမသိနိုင်ပေ။ သူဟာယွီချင့်ဟွမ်စကားလုံးတိုင်းကိုလည်း တုံ့ပြန်ဖြေကြားခြင်းအလျဥ်းမရှိဖြစ်နေ၏။
ထို့ကြောင့် ယွီချင့်ဟွမ်မှာ မနေသာတော့ဘဲ သူ့လက်မောင်းကိုလက်ချောင်းလေးဖြင့် သွားထိုးလိုက်တော့ကာ
"ဟေး ငါဒီမှာ မင်းကိုစကားပြောနေတယ်လေ..."
ဟော်ချွီမှာ ယုန်သူငယ်လေးတကောင်လို လန့်ဖျန့်သွား၏။ သူ၏တောင့်တင်းနေတဲ့ ခန္ဓာကိုယ်မှာ တုန်ယင်လာပြီး မျက်တောင်ထူထူလေးတွေ
လှုပ်ခတ်လာလို့ အထစ်ထစ်အငေါ့ငေါ့ဖြင့်"ချင့်..ချင့်ဟွမ်."
"မင်းအဆင်ပြေရဲ့လား?"
ယွီချင့်ဟွမ်မှာသူ့အနားယိမ်းယိုင်တိုးကပ်သွားပြီး
သူစိုက်ကြည့်နေသည့် အရပ်မျက်နှာကိုလိုက်လံကြည့်ရှုလိုက်သော်လည်း တစ်မူထူးခြားနေတာ ဘာတခုမှမတွေ့ရပေ။ထို့နောက်တွင် သူကခေါင်းကိုမော့လို့ ဟော်ချွီကို ကြည့်လိုက်ပြီး
"မင်းဘာလို့ အရမ်းစိတ်လှုပ်ရှားနေပုံပေါက်နေရတာလဲ?"
ယခုချိန်မှာဆောင်းလလယ်ဖြစ်သည်။ ရာသီဥတုမှာတိမ်ထူထပ်ပြီးစွတ်စိုအေးစိမ့်နေသော်လည်း ယွီချင့်ဟွမ်မှာ နေလုံးလေးတစင်းကဲ့သို့ ဖြစ်နေတော့သည်။
သူ၏ဝင်သက်ထွက်သက်လေးများက ဟော်ချွီမျက်နှာပေါ်ကို နွေးထွေးညင်သာစွာ ရိုက်ခတ်နေပုံမှာ နုနယ်လှသော လက်ဖဝါးသေးသေးလေးတခုဖြင့် သူ့နှလုံးသားကို ယားကျိကျိဖြစ်စေအောင်လုပ်နေသလိုပင်။
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...