[Unicode]
တနှစ်တာအတွင်းဒရာမာအချိူးနိုင်ဆုံးဇာတ်လမ်းတပုဒ်မှာ နောက်ဆုံးတွင် ရွှီနင်နှင့်ရှန်ယီတို့၏ တောင်းပန်စာဖြင့်အဆုံးသတ်သွားခဲ့သည်။
အစောပိုင်းက ယွီချင့်ဟွမ်အားစွပ်စွဲရှုတ်ချထားခဲ့သူတွေမှာ ခုချိန်မှာတော့ အအတွေအလား ငြိမ်သက်တိတ်ဆိတ်ကုန်၏။
ဘာပဲပြောပြော ဒါကဆိုက်ဘာအကြမ်းဖက်မှုမြောက်သည်လို့သတ်မှတ်၍ရသည်ပင်။
ယခုတခေါက်မှာ အမှတ်မထင်တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ရွှီနင်နဲ့ရှန်ယီတို့ယာဥ်မတော်တဆမှုအတူတကွဖြစ်ပွားခဲ့ပြီး ခွေးနှစ်ကောင်ကိုက်နေတဲ့ဒရာမာဇာတ်လမ်းကိုချပြခဲ့တော့မှ အွန်လိုင်းသုံးစွဲသူတွေကအမှန်တရားဆိုတာကိုသိရှိသွားခဲ့သည်။
အကယ်၍များကားအက်စီးဒန့်သာမဖြစ်ပွားခဲ့ရင် ယွီချင့်ဟွမ်မှာ သူတပါးအေးဂျင့်ခိုးယူခြင်းပြစ်တင်ဝေဖန်မှုတွေကို တဘဝလုံးခံယူသွားရနိုင်ဖွယ်ရှိမလား?
ထိုအချိန်တွင်းမှာပဲ ပါပါရာဇီတချို့ဟာ ယွီချင့်ဟွမ်ဆေးရုံကဆင်းလာတဲ့ပုံတွေကိုရိုက်ကူးသွားခဲ့ရာ အတော်လေးရုတ်ရုတ်သဲသဲအုတ်အော်သောင်းတင်းဖြစ်သွားရ၏။
ဖြစ်စဥ်တခုလုံးမှာ အပြစ်ကင်းစင်ဆုံးပုဂ္ဂိလ်ဟာ သူဖြစ်နေခဲ့တာကျိန်းသေနေတောင်မှကြိုတင်ခန့်မှန်းရှောင်လွှဲမရတဲ့ဘေးကပ်ဆိုးကြီးကိုခုလိုခံစားခဲ့ရသည်။
တစုံတယောက်ကသာခေါင်းအေးအေးထားပြီးတွေးကြည့်မယ်ဆိုရင် ယွီချင့်ဟွမ်ဆိုတာ မကြာသေးခင်ကမှ ကျောင်းပြီးလာတဲ့ဘွဲ့ကြိုကျောင်းသားလေးတယောက်ဖြစ်သည်။
ထို့ပြင် ခုလိုငယ်ငယ်ရွယ်ရွယ်ပညာတက်လူရည်ချွန်လေးတယောက်က ဒီလိုရုန့်ရင်းကြမ်းတမ်းတဲ့အရာတွေကျူးလွန်ပါ့မလား?
တစ်ညတည်းနဲ့တင် ဆိုက်ဘာအကြမ်းဖက်မှုနဲ့ပတ်သက်၍ ဆွေးနွေးပြောဆိုမှုများစွာရှိလာကြသည်။
[ရုတ်တရက် ငါသဘောပေါက်သွားတာက ငါလဲကီးဘုတ်ဖိုက်တာတယောက်ပါပဲလားပေါ့.. တခြားကီးဘုတ်ဖိုက်တာလို့ဆိုသူတွေနောင်ဘယ်လိုလုပ်ကြမယ်ဆိုတာတော့ငါမသိဘူး ဒါပေမယ့် ငါကတော့ အခုကစလို့ ဒီလိုကိစ္စမျိုးနဲ့ကြုံတွေ့လာရင်ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ဂဃဏနသိရအောင်ကျိန်းသေလုပ်ပြီးမှ ငါ့ထင်မြင်ချက်ကိုချပြတော့မယ်]
YOU ARE READING
ရည်းစားလေးပဲထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
Romanceမြန်မာဘာသာပြန် အပိုင်း- ၉၇ အချပ်ပို-၆