[Unicode]
အကယ်၍များ ယွီချင့်ဟွမ်သာ ခေါင်းကြည်ကြည် လင်လင်ရှိနေခဲ့မယ်ဆို ဟော်ချွီနှင့် ပတ်သက်လို့တစုံတရာမူမမှန်နေတာကို ကျိန်းသေရိပ်မိခဲ့မှာပင်။
နှမြောစရာကောင်းသည်က သူ့ဦးနှောက်မှာအရက်ကြောင့် ကောင်းကောင်းအလုပ်မလုပ်တော့ပြီဖြစ်လို့ တခြားဘယ်အရာကိုမှမတွေးတောနိုင်ပေ။
ဟော်ချွီ၏စကားသံအားကြားလိုက်ရသော် ယွီချင့်ဟွမ်မှာ ဟော်ချွီသည်ရေနွေးလေးတောင်ဖြောင့်ဖြောင့်မတည်နိုင်တဲ့အတွက်ရှက်ရွံ့သိမ်ငယ်သွားပြီး ချင့်ဟွမ်မှသူ့အားမကြည့်နေစေချင်တာလို့မှတ်ယူလိုက်၏။
"ကိစ္စမရှိပါဘူး ဟော်ချွီ"
ယွီချင့်ဟွမ်သည် ဟော်ချွီအားသူ့မျက်လုံးများကို ဆက်လက်အုပ်ကွယ်ခွင့်,ပြုထားလိုက်သည်။
"ဒီလိုကိစ္စအသေးအမွှားလေးအတွက်ဘာမှရှက်နေစရာမလိုဘူး...မင်းကျွမ်းကျင်တဲ့အရာကဒီနယ်ပယ်ကမဟုတ်လို့ပါ..."
သူနားမလည်မှာစိုးရိမ်သည့်အတွက်ကြောင့် ယွီချင့်ဟွမ်မှ ထပ်ပေါင်းပြောဆိုလိုက်သည်မှာ
"ဥပမာပြောရရင်မင်းရူပဗေဒဆိုင်ရာဘက်မှာထူးချွန်သလို အဲ့ဘက်မှာငါသိတာဘာတခုမှမရှိဘူးလေ.. အဲ့လိုပဲ ငါတက်တဲ့ဟင်းချက်တာ ရေနွေးတည်တာတွေကိုမင်းမလုပ်တက်ဘူး.. ဒါကတကယ့်သမရိုးကျဖြစ်စဥ်လေးပါပဲ"
ဟော်ချွီဆိုတာသူ့အတွက်တော့ဘုရားပေးသည့်အကောင်းဆုံးဆုလာဘ်လေးတခုဖြစ်သည်။ ထိုအတွက်ကြောင့် သူ့အားကာကွယ်စောက်ရှောက်သွားရန် သူအစွမ်းကုန်ကြိုးစားအားထုတ်မှာဖြစ်ပြီး သူ၏နူးညံ့ပြီးတမူထူးခြားတဲ့နှလုံးသားလေးအား ဒီကမ္ဘာလောကကြီးကြောင့်ထိခိုက်အနာတရဖြစ်မှာကို ဘယ်သောအခါမှခွင့်ပြုလိမ့်မည်မဟုတ်ပေ။
အဲ့လိုမဟုတ်ဘူး! ဟော်ချွီမှာဘယ်လိုရှင်းပြရမယ်
မသိဖြစ်နေတာကြောင့် မသိလိုက်မသိဘာသာခေါင်းတွေသာခါနေခဲ့သည်။ချင့်ဟွမ်နဲ့မသက်ဆိုင်သောအရာတွေမှန်သမျှကိုသူဘယ်တုန်းကမှ အလေးမထားခဲ့ပေ။
YOU ARE READING
ရည်းစားလေးပဲထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
Romanceမြန်မာဘာသာပြန် အပိုင်း- ၉၇ အချပ်ပို-၆