[Unicode]
ယခုအချိန်မှာ ညအတော်နက်နေပြီဖြစ်တာကြောင့် ယွီချင့်ဟွမ်အနေနဲ့ ဟော်မိသားစုထံတိုက်ရိုက်တန်းသွားဖို့ဆိုတာ သိပ်ပြီးမသင့်တော်ပေ။
ထို့ကြောင့် ထွက်မလာခင်ဟော်ချွီထံကြိုတင်ဖုန်းခေါ်လိုက်သည်။
"ဂိတ်စောင့်ကိုကြိုအသိပေးထားလိုက်.. ရောက်တာနဲ့တန်းဖွင့်ပေးလို့ရအောင်"
ထို့နောက်တွင် အထူးအလေးထားပြောလိုက်သည်မှာ
"ရောက်ရင်ဖုန်းခေါ်လိုက်မယ်.. ဒါဆိုမင်းအောက်ဆင်းလာပြီးနေရာမှာတင်ရပ်စောင့်နေ.. ငါမင်းဆီလာခဲ့မယ်"
နောက်တဖန်ထပ်တွေးကြည့်လိုက်သော် သူသည်အနည်းငယ်စိတ်ပူပန်နေတုန်းဖြစ်ကာ ထပ်ပေါင်းဆိုလိုက်ပြန်သည်။
"နွေးနွေးထွေးထွေးလေးဝတ်လာနော်.. ခေါင်းစွပ်နဲ့လည်စည်းဝတ်လာဖို့မမေ့နဲ့ဦး"
ဟော်ချွီမှာ သူ့စကားများကို နာနာခံခံလိုက်နာလေ၏။ဖုန်းချပြီးတာနဲ့တပြိုင်နက် အလျင်မြန်ဆုံးအရှိန်နဲ့ သူ့ကိုယ်သူဝတ်စားပြင်ဆင်လိုက်ပြီး အိပ်ရာပေါ်တွင်ခါးကိုမတ်မတ်ထားထိုင်နေကာ မျက်လုံးများမှာဖုန်းကိုအစဥ်မပြတ်စိုက်ကြည့်နေပြီးချင့်ဟွမ်ဖုန်းခေါ်ဆိုမှုလွတ်သွားမှာကို စိုးရိမ်ပူပန်လို့နေသည်။
ဟော်ချွီအပြင်ထွက်မယ်ကြားလိုက်တာနဲ့ ဟော်ယုံကချက်ချင်းပဲတားမြစ်ကန့်ကွက်လာ၏။
သူတခုခုပြောမည်လုပ်စဥ်မှာ သူ့ဖခင်ကသူ့ပါးစပ်အား လိမ္မော်သီးတလုံးနဲ့လာရောက်ပိတ်ဆို့သွားခြင်းကိုခံလိုက်ရသည်။
ဂိတ်စောင့််ကိုအကြောင်းကြားလိုက်ပြီး ဟော်ချွီသူ့အခန်းထဲသူပြန်ဝင်သွားတာတွေ့လိုက်သော် ဟော်ယုံသည် လိမ္မော်သီးကိုအသည်းအသန်မြိုချလိုက်ပြီး သူ့အဖေအားကန့်ကွက်ပြစ်တင်တော့သည်။
"ပါး ဘာတွေလုပ်နေတာလဲ? ဘယ်လိုလုပ်ပြီးဟော်ချွီကိုညဘက်ကြီး တယောက်တည်းပေးလွှတ်ရတာလဲ?"
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...