[Unicode]
အော် ဒါဖြင့် သူရှေ့ကလမ်းကြောင်းခင်းခဲ့သမျှအရာတွေအားလုံးက ဒီဘူတာကိုဦးတည်နေတယ်ပေါ့..
ယွီချင့်ဟွမ်မှာဟော်ချွီအားမျက်စိစွေကြည့်လိုက်ရင်း "ဒီပုဂ္ဂိုလ်ဟာခုလိုကူလီကူမာအတက်တွေဘယ်တုန်းကများသင်ယူခဲ့ပါလိမ့်လို့?" တွေးတောနေမိ၏။
ဟမ့် ဟူ၍ သူဟာဟော်ချွီနဖူးပြင်အားအသာလေးထုကာပြောလိုက်သည်။
"မဟုတ်ဘူး"
ယွီချင့်ဟွမ်မှခုလိုငြင်းဆန်လာလိမ့်မည်လို့ဟော်ချွီမှာဘယ်လိုမှမမျှော်လင့်ထားခဲ့။သူဟာခဏတဖြုတ်လောက်မှင်တက်သွားပြီးနောက် ဘာဆက်လုပ်လို့ဘာကိုင်ရမည်ဆိုတာကိုစိုးစဥ်းမျှမသိတော့ချေ။
သူ့မျက်လုံးနက်နက်လေးတွေမှာအံ့အားသင့်မယုံနိုင်ခြင်းများစွာဖြင့် ပြူးကျယ်နေတာကြောင့် သူ့အားကြောင်စီစီလေးနှင့်ချစ်စဖွယ်ကောင်းနေစေ၏။
ယွီချင့်ဟွမ်မှာမနေနိုင်တော့ပဲ တဖက်သူအားအတန်ငယ်မျှနောက်ပြောင်ချင်လာတော့သည်။ထို့ကြောင့် ခြုံစောင်အောက်ကနေ သူ့အားတချက်လှမ်းကန်လိုက်ပြီးပျင်းရိပျင်းတွဲပြောလိုက်၏။
"ဘာလဲ? ပြသနာရှိလား?"
ဟော်ချွီမျက်နှာတခုလုံးမှာနီမြန်းလာခဲ့ပြီး ပါးစပ်လေးဟကာ တခုခုဆိုချင်နေသည်။သို့ပေမယ့်ဘယ်ကဘယ်ပုံစရမယ်မသိဖြစ်နေတော့သည်။
"မင်းထိုက်နဲ့မင်းကံပဲ" ယွီချင့်ဟွမ်မှာ လှောင်ပြောင်ရယ်သွမ်းသွေးလိုက်ရင်း
"နောက်တခါခုလိုလိမ်ဦးမှာလား? ငါပြောပြမယ်..."
သူ့စကားတောင်အဆုံးမသတ်ရသေးခင်မှာ ၃၇ ဒီဂရီအပူချိန်ရှိတဲ့ကိုယ်အလေးချိန်တခုဟာသူ့အားခုန်အုပ်လာပြီး ဆိုင်းမဆင့်ဗုံ့မဆင့်အပေါ်ဆီးကနေအုပ်မိုးထားတော့သည်။
"ဟော်ချွီ မင်းဘာတွေလုပ်နေတာလဲ?'
ယွီချင့်ဟွမ်မှအသက်ရှူလို့တောင်မဝတော့သလိုဖြစ်နေတာကြောင့် သူ့အားအဝေးတွန်းထုတ်နေရ၏။သို့သော် သူ့ဘက်ကရုန်းလေလေ ဟော်ချွီဘက်ကပို၍ခပ်တင်းတင်းဖက်ထားလေလေဖြစ်နေသည်။
YOU ARE READING
ရည်းစားလေးပဲထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
Romanceမြန်မာဘာသာပြန် အပိုင်း- ၉၇ အချပ်ပို-၆