[Unicode]
ယွီချင့်ဟွမ်သည် မီးနီနေတာကိုအကြောင်းပြုလို့ ထိုသူ၏လက်ကိုကိုင်ဆွဲကာ လမ်းဖြတ်ကူးလိုက်လေသည်။ ထိုသူအား လမ်းဘေးတနေရာသို့ ချထားပေးပြီးသောအခါမှ ပြောလိုက်သည်။
"ဒီနေရာက အဆင်ပြေတယ်"
ဒီလောက် လူကောင်ကြီးကြီးနေပြီကို လမ်းမကူးတက်ဘူးလို့ပြောရဲသေးတယ်ပေါ့....
ဒီနေ့သူဟာစိတ်ကောင်းလေးကို အဆုံးစွန်ထိ ထိန်းသိမ်းထားချင်သည့်အတွက် ထိုသူနောက်ထပ် ဘယ်လိုဇာတ်လမ်းတွေဆင်နိုင်သေးလဲဆိုတာ စောင့်ကြည်နေလိုက်တော့၏။
ထိုလူကသူ့လက်ကိုသူကြည့်လိုက်ပြီးလျှင် ယွီချင့်ဟွမ်ရဲ့လက်ကိုပါကြည့်လိုက်ပြန်တယ်။ ပြီးလျှင်ဘာစကားတခွန်းမှမဆိုဘဲ ဒီအတိုင်းရပ်နေပြန်၏။
ယွီချင့်ဟွမ်မှာ တဖက်လူ၏လူမှုဆက်ဆံရေးညံ့ဖျင်းမှုကို စိတ်ထဲကျိတ်ဆူပူလိုက်မိလေတော့သည်။
ထို့နောက်တွင် လေနှင့်အတူလွင့်ချင်တိုင်းလွင့်နေသည့် သူ၏ဆံနွယ်များအား လက်ဖြင့်တချက်သပ်တင်လိုက်ပြီး အနီးတဝိုက်ကို ဖြန့်ကျက်ကြည့်ရှုလိုက်သည့်အခါ Shang pi nai ဒေသမုန့်ရောင်းသည့်ဆိုင်အား မြင်လိုက်ရသော်သူ့မျက်လုံးများကဝင်းလက်တောက်ပလို့သွားလေ၏။
မြောက်ပိုင်းဒေသရှိ ဆောင်းရာသီဟာ ခြောက်သွေ့အေးခဲနေတက်သည်။ဒီအချိန်မှာ နွေးထွေးပြီးအရသာရှိတဲ့ အစားအစာစားဖို့ အချိန်ကောင်းပင် ဖြစ်သည်။
နတ်ဖက်တဲ့အရသာကို တွေးမိလိုက်လေလျှင် သူသည် ချက်ချင်းပဲနံဘေးကလူအား ပစ်ထားခဲ့ပြီး ဆိုင်သေးသေးလေးထဲ တန်းဝင်လို့သွားလေတော့သည်။
အခုချိန်မှာ အလုပ်ချိန်ဖြစ်နေသည့်အတွက် ဆိုင်ထဲတွင် လူသိပ်မရှိနေပေ။ကြည့်ပျော်ရှုပျော်ရှိသည့် မိန်းမငယ်လေးတချို့သာ ကောင်တာမှာထိုင်လို့ အချင်းချင်းစကားပြောဆိုတွတ်ထိုးနေကြပေသည်။
ယွီချင့်ဟွမ်သည် ထိုမြင်ကွင်းအား စက္ကန့်ပိုင်းလောက် အရသာခံကြည့်လိုက်ပြီးမှ နောင်တတရားဖြင့်ခေါင်းကို ခါယမ်းလိုက်မိပေ၏။
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...