[Unicode]
"မြန်မြန်! ဟော်ချွီကိုဖုန်းခေါ်ကြည့်ချေ!"
သူမသည်အလွန်တရာစိုးရိမ်ကြောင့်ကြဖြစ်နေသည့် အတွက် သူမသားနာမည်အပြည့်ကိုတောင် ခေါ်မိပြီး မျက်နှာမှာလည်းသွေးမရှိဖြူလျော်လို့နေပေ၏။
ဟော်ချွီဘေးမှာဘယ်သူမှမရှိဘူး မတော်လို့များ
သူ့မှာမကောင်းတာတခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ...သူမသည် ပိုပိုပြီးတွေးမိလေလေ ပိုပိုပြီးစိုးရိမ်ကြောင့်ကြဗျာပါဒတွေများလာရသည်။ ထို့ကြောင့် ဟော်ယုံအားအတင်းကာရောတိုက်တွန်းလိုက်ကာ
"သူ့ကိုခေါ်ကြည့်ပြီးပြီလား? သူဘယ်လိုလဲ? သူအခု ဘယ်မှာရှိနေတာလဲ?"
"မား, ဘယ်သူမှဖုန်းလာမကိုင်ဘူး.."
ဟော်ယုံကမတက်သာတော့ဘဲ သူမဆီဖုန်းထိုးပေးလိုက်ကာ ဖုန်းမအားတဲ့အသံကိုနားထောင်စေသည်။
"ကျွန်တော်တော့ သူဒီနေ့ဖုန်းမပါလာဘူးထင်တာပဲ.."
"ငါတော့သူ့ကိုအရမ်းစိတ်ဆိုးနေပြီ...!"
မဒမ်ဟော်မှာပင့်သက်ရှိုက်လိုက်ရင်း ရင်ဘတ်ကိုလက်တွေဖြင့်ဖိထားကာ မျက်လုံးထဲတွင်တော့ မျက်ရည်များရစ်ဝဲလို့နေပေ၏။
"မား စိတ်မပူပါနဲ့ ..."
ဟော်ကျန်းမှာဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမအားနှစ်သိမ့်ဖို့ကြိုးစားနေ၏။
"သူကအရွယ်ရောက်နေပြီပဲ...သူ့ကိုယ်သူဂရုစိုက်နိုင်ပါတယ်..အဆင်ပြေမှာပါ.."
သူမလက်သင့်မခံမှာစိုးရိမ်သည့်အတွက် သူကထပ်ဖြည့်ပြောလိုက်သည်။
"ဒီလိုဆိုဘယ်လိုသဘောရလဲ? ကျွန်တော်အခုပဲ သက်တော်စောင့်တွေခေါ်ပြီးသူ့ကိုဈေးဝယ်စင်တာထဲလိုက်ရှာကြည့်မယ်..မားမားနဲ့ဟော်ယုံက ဧည့်ကြိုကောင်တာကိုသွားပြီး သူတို့ကိုလူပျောက်ကြေငြာခိုင်းလိုက်.."
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ.."
မဒမ်ဟော်မှာစိတ်နဲ့ကိုယ်နဲ့မကပ်တော့ပြီဖြစ်တာကြောင့် သူမသားကြီး၏လက်ကိုဆွဲကိုင်ထားပြီး ခေါင်းကိုသာအသာငြိမ့်ပြနိုင်တော့၏။
YOU ARE READING
ရည်းစားလေးပဲထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
Romanceမြန်မာဘာသာပြန် အပိုင်း- ၉၇ အချပ်ပို-၆