[Unicode]
ယွီချင့်ဟွမ် အစားစားပြီးနောက် တူကိုအောက်ချထားလိုက်ပြီး မေးထောက်လို့ ဟော်ချွီအားစိုက်ကြည့်နေလေသည်။ ဟော်ချွီဆီမှာပိုက်ဆံနဲ့ပတ်သက်၍ အတွေးအမြင်မရှိတာ သူသိထားသောကြောင့် ဒီနေ့အကြင်သူလုပ်ခဲ့တဲ့အရာက သူ့ကိုအထူးတလည်အံ့အားသင့်သွားစေ၏။
ထို့ပြင် ဒီလောက်ငွေအများကြီး ဟော်ချွီ မည်သည့်နေရာကရခဲ့သလဲ ဆိုတာကိုလည်း သူအရမ်းစပ်စုချင်နေခဲ့သည်။ သုတေသနပညာရှင်အားလုံးက အရမ်းကိုမွဲတေကြတယ်လို့ မပြောကြဘူးလား?
အတွေးထဲနှစ်မြောနေပြီး စိတ်တွေပျံလွင့်နေပေမယ့် သူ့အကြည့်များက ဟော်ချွီ မျက်နှာပေါ်စူးစိုက်ကျရောက်နေတာမို့ အကြင်သူအား မျက်နာတွေနီမြန်းလာစေပြီး တူကိုကိုင်ထားနိုင်ဖို့အနိုင်နိုင်ဖြစ်စေခဲ့သည်။
“ဟော်ချွီ ” ယွီချင့်ဟွမ်မေးလိုက်၏။
“ဘယ်လိုဖြစ်လို့ ငါ့ဆီပိုက်ဆံတွေကောက်ခါငင်ခါလွှဲပေးရတာလဲ?”
ဟော်ချွီက သူ့ကိုကြည့်လာပြီး နှုတ်ခမ်းတွေကိုစေ့ထားလိုက်ကာ “မင်းကဆင်းရဲတယ်လို့ သူတို့ပြောကြတယ်”
သူတို့? ယွီချင့်ဟွမ် တွေးကြည့်ပြီးနောက် ဟော်ချွီ အွန်လိုင်းပေါ်မှာ တခုခုတွေ့လာတာဖြစ်ရမည်ဟု ရုတ်တရက်သဘောပေါက်သွားပြီး စိတ်ထဲမထားတော့ပေ။ အနှီသူရဲ့နားရွက်နီနီလေးများကိုကြည့်ပြီး သူကရည်ရွယ်ချက်ရှိရှိမေးလိုက်၏။
“မင်းရဲ့ပိုက်ဆံအားလုံးကို ငါ့ကိုပေးခဲ့တာလား”
ဟော်ချွီ ခေါင်းညိတ်လာသည်။ “ အမ်း ”
ယွီချင့်ဟွမ်ကပြုံးပြီး “ဒီဆိုရိုးစကားကိုကြားဖူးလား? မင်းပိုင်သမျှငါ့ဟာ ငါပိုင်သမျှလည်းငါ့ဟာပဲ”
ဟော်ချွီကမျက်မှောင်ကြုတ်၍ အတန်ကြာအတွေးနယ််ချဲ့ပြီးနောက် သူဆိုလိုရင်းကိုနားလည်ရန်အနိုင်နိုင်ဖြစ်ကာ တွန့်ဆုတ်ခြင်းမရှိဆိုလာသည်။
“အမ်း မင်းမှာရှိတာမင်းပိုင်တာ၊ ကိုယ့်မှာရှိတာလည်းမင်းပိုင်တာပဲ”
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...