[Unicode]
"ချင့်ဟွမ်!"
ဟော်ချွီ၏နူးညံ့လှပသောမျက်ဝန်းများသည် ကမ္ဘာ့တိုက်ကြီးအသစ်တခုကိုရှာဖွေတွေ့လိုက်ရသလိုမျိုး တလက်လက်စူးရှတောက်ပလို့နေသည်။သူ့နှုတ်ခမ်းများဆီသို့ ရယ်မြူးရိပ်သမ်းပြီးစိုက်ကြည့်နေသည်မှာ နောက်တစက္ကန့်အကြာတွင် သူ့အပေါ်ကိုထပ်မံခုန်အုပ်လာတော့မည့်အလား။
ယွီချင့်ဟွမ်သည် မသိလိုက်မသိဘာသာ ခြေတလှမ်းနောက်ဆုတ်သွားမိပြီး သူ့ကျောပြင်မှာနံရံကိုတင်းတင်းကြပ်ကြပ်မှီကပ်ထားလိုက်မိ၏။
ဒီအခိုက်အတန့်ဝယ် သူ့ဦးနှောက်သည် အဆုံးသတ်မရှိတဲ့ချည်မျှင်ကြိုးထုံးတစ်ခုလို လုံးလုံးလျားလျားညှိတွယ်ရှုပ်ပွေနေရက်သား...။
ဟော်ချွီက သူ့အားဘာကြောင့်နမ်းရတာလဲ? ဒီမြင်ကွင်းရဲ့လှုံ့ဆော်မှုကြောင့်လား ဒါမှမဟုတ် တခြားတစုံတခုကြောင့်လား...?
ထိုဖြစ်နိုင်ချေကိုတွေးမိလိုက်လျှင် ယွီချင့်ဟွမ်မှာ သူ့မျက်လုံးများရှေ့တွင် ရှိရှိသမျှအရာအားလုံးပိန်းပိတ်အောင်မှောင်မိုက်သွားသည့်အလားခံစားလိုက်ရ၏။ အလိုအလျောက်ရှေ့ကိုကြည့်မိလိုက်သော် ဖန်ကျုံးရှီးနှင့်အဲဗင်ဆန်တို့သည် ထွက်ခွာသွားပြီဖြစ်ကာ သူတို့နှစ်ဦးသာကားပါကင်နေရာတွင်ကျန်ရှိနေတော့သည်။
အေးစက်နေသောနံရံသည် သူ့စိတ်အားအတော်လေးကြည်လင်လာစေသည်။ ယွီချင့်ဟွမ်မှာ သူ့နှုတ်ခမ်းများကိုလျှာဖြင့်သပ်လိုက်ပြီး ခက်ခက်ခဲခဲပြောထုတ်လိုက်၏။
"ဟော်ချွီ မင်း...မင်းဒါကို စူးစမ်းသိလိုစိတ်နဲ့လုပ်တာ.. ဟုတ်တယ်မလား?"
ဒီလိုအတိုင်းပဲဖြစ်ရမည်။ သူ့စိတ်ထဲတွင် သူ့ကိုယ်သူအားပေးနှစ်သိမ့်နိုင်ရန် အစဥ်မပြတ်ကြိုးစားနေ၏။
ဟော်ချွီသည် လိင်တူနှစ်ခြိုက်သူများနှင့် ထိတွေ့ဆက်ဆံမှုဘယ်သောအခါမှမရှိခဲ့ဖူးသလို ထိုအရာနှင့်ပတ်သတ်၍လည်းဘာတခုမှမသိပေ။
ထို့အတွက်ကြောင့် ယောကျာ်းနှစ်ယောက်နမ်းနေတာကိုရုတ်တရက်မြင်လိုက်ရသောအခါ အလွန်ရှော့ခ်ရသွားပြီး စမ်းသပ်ကြည့်ချင်တာဖြစ်ပေလိမ့်မည်။သူ့မှာတခြားဘာအနက်အဓိပ္ပါယ်ဆိုလိုရင်းမှမရှိနိုင်ပေ။ ယွီချင့်ဟွမ်မှာ သူတုံ့ပြန်မှုလွန်ကဲသွားသည်ဟုသာထင်မှတ်လိုက်၏။
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...