နောက်တနေ့မနက် ယွီချင့်ဟွမ်မျက်လုံးတွေကိုဖွင့်လိုက်တဲ့အခါ သတိလက်လွတ်ဖြင့် ခန္ဓာကိုယ်ကို လှုပ်ရှားမိလိုက်သည်။ အမျိုးအမည်ဖော်မပြနိုင်တဲ့ နာကျင်ကိုက်ခဲမှုတမျိုးက ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်အနှံ့မှတလိပ်လိပ်ထိုးတက်လာ၏။ မနေ့က သူ ဧဝရတ်တောင်ပေါ်တက်ခဲ့သည့်အလားပင် ခံစားလိုက်ရလေသည်။ မနာတဲ့နေရာဆိုလို့ တစ်နေရာလေးမှမရှိပေ။
အိပ်ယာပေါ်တွင်ဆက်ဆံချိန် ဟော်ချွီဆီမှာ အကြိုက်တစ်မျိုးရှိ၏။ ထိုအရာကတော့ ချင့်ဟွမ်မျက်နှာကို တစိမ့်စိမ့်ကြည့်နေရတာပင်။ ထိုအတွက်ကြောင့် မနေ့ညက သူ၏တောင့်တင်းသောခါးကျိုးလုနီးပါး ယွီချင့်ဟွမ်ဖြစ်ခဲ့ရသည်။
သူဒေါသတကြီးခေါင်းလှည့်လိုက်တော့ မျက်စိမှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ ဟော်ချွီကို တွေ့လိုက်ရသည်။ အကြင်သူမှာ အိပ်ပျော်နေချိန်မှာတောင် ချောမောခန့်ညားလွန်းနေဆဲပင်။ သူ့မျက်နှာအစိတ်အပိုင်းတွေမှာထင်ရှားပြတ်သားနေပြီး လှဲလျောင်းနေချိန်၌ပင် ကြည့်ရမဆိုးနေပေ။
မျက်တောင်များမှာရှည်လျားထူထဲပြီး အောက်စိုက်ချထားတဲ့ယပ်တောင်သေးသေးလေးကဲ့သို့ ညင်ညင်သာသာလေး တဖျပ်ဖျပ်လှုပ်ခတ်နေ၏။ ယွီချင့်ဟွမ်ကြည့်လေလေ ဒေါသပိုထွက်လာလေလေဖြစ်လာရသည်။ အဆုံးမှာ စိတ်မထိန်းထားနိုင်တော့ဘဲ ခြေကိုမြှောက်ပြီး အကြင်သူအား နာနာလေးတချက်ကန်ပစ်လိုက်တော့သည်။
မနေ့ညက ပထမဆုံးအကြိမ်တွင် ဟော်ချွီက အလွန်မြန်ဆန်စွာပြီးမြောက်သွားခဲ့သည်။ အလွန်မြန်ဆန်တာမို့... သူလုံးဝကိုသတိအာရုံလွတ်ဖြစ်သွားခဲ့ရ၏။ ဟော်ချွီရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားတာကို ခံစားလိုက်ရတော့မှ ယွီချင့်ဟွမ်အသိပြန်လည်ဝင်လာခဲ့သည်။
သူတကယ်ကို တခါလေးပဲရယ်ခဲ့မိတယ်ဆိုတာ နှလုံးသားနှင့်ရင်းပြီးကျိန်တွယ်ရဲပါ၏။ မည်သို့ဆိုစေ သူတို့အပြန်အလှန်စိတ်ဆန္ဒတွေဖြေဖျောက်ဖို့ကူညီကြတိုင်းမှာ ဟော်ချွီဟာ အချိန်အတော်လေးကြာညောင်းခဲ့သည်ပင်။ သူ့ပြိုင်ဖက်နှင့် ဟော်ချွီ တခေါက်တခါလောက်ဆုံပြီဆိုတာကို မမျှော်လင့်ထားဘဲမြင်လိုက်ရသော် တဖက်သူရဲ့ကံမကောင်းအကြောင်းမလှမှုအပေါ် ယွီချင့်ဟွမ်အတော်လေးကိုနှစ်ထောင်းအားရဖြစ်သွားခဲ့၏။
YOU ARE READING
ရည်းစားလေးပဲထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
Romanceမြန်မာဘာသာပြန် အပိုင်း- ၉၇ အချပ်ပို-၆