[Unicode]
ကျောက်ချင်းယွမ်၏ Weibo ကို အကြမ်းဖျင်း ကြည့်ပြီးချိန်မှာတော့ ယွီချင့်ဟွမ်မှာ …. ဖြင့်သာ ရက်ပလိုင်းပြန်လိုက်၏။
ကျောက်ချင်းယွမ်ကျေးဇူးဖြင့် ယွီချင့်ဟွမ်၏ ပြောင်သလင်းခါနေသော Weibo အကောင့်လေးမှာ ခုချိန်တွင် follower တွေ ရာထောင်ချီ ဖြစ်လို့လာခဲ့လေပြီ။
ဒီအပ်ဒိတ်အသစ်ထွက်လာတာနဲ့အမျှ သူ့မှာ မျက်လုံးပြူးမျက်ဆံပြူး စိတ်အားထက်သန်တက်ကြွနေကြတဲ့ follower ဆီကနေ ချက်ချင်းလက်ငင်း စာတွေတပုံတပင်ကြီး ရလို့နေသည်။
[ဝိုး! နောက်ဆုံးမှာ အပ်ဒိတ်အသစ်လေး လာပြီ! ….. လေးပဲဖြစ်ပေမယ့်လို့ပေါ့..]
[ဟဟဟ! ချင့်ဟွမ်ကစောက်ရမ်းဂေါ်တာပဲ… ချင်းယွမ်တော့ စိတ်တိုလွန်းလို့ ခုန်ပေါက်နေလောက်ပြီ]
[ကောင်းတယ် သားကြီး, မင်းက ငါ့အာရုံကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်ခဲ့ပြီ]
[ဒီချင့်ဟွမ်က ဘယ်လိုလူမျိူးဆိုတာကို သိချင်လိုက်တာ]
......
အင်တာနက်သုံးစွဲသူတွေကြား ယွီချင့်ဟွမ်၏ သတင်းအသစ်ကြောင့် အာလူးဖုတ်အတင်းတုတ်စရာရလို့နေချိန်မှာပဲ အလျင်က ယွီချင့်ဟွမ်ရဲ့ဓါတ်ပုံတင်ခဲ့တဲ့ ဘလော့ကာမှ အပ်ဒိတ်အသစ်ရုတ်တရက်ကောက်တင်လိုက်ပြန်တယ်...
[အိုး! ဒီယွီချင့်ဟွမ်နဲ့ငါ့စီနီယာနဲ့က စတိုင်ကအစ
တထေရာတည်း...ငါသုံးသပ်ကြည့်ရသလောက်တော့ ဒါသူဖြစ်နိုင်တယ်...]Weibo Hot Search ထဲမှာ မကြာသေးခင်ရက်ပိုင်းကမှ ရောက်ထားသူတယောက်အနေနဲ့ ဒီလူက ခုချိန်မှာ မီးရောင်အောက်တွင် ရှိလို့နေသည်။
သူ့ရဲ့သတင်းအသစ်က Weibo တခွင်ပြဲပြဲစင် ဗုံးကွဲသလို ဖြစ်လို့သွားစေ၏။
[ဒါဆို ဒီယွီချင့်ဟွမ်က ဟွာတက္ကသိုလ်က ကျောင်းယူနီဖောင်းနဲ့ ချစ်စရာကောင်လေးပေါ့?]
[အိုးမိုင်ဂေါ့! ငါသူ့ကိုမမှတ်မိလိုက်ဘူး! ငါ ချက်ချင်းပဲ သူ့ကို follow လိုက်တော့မယ်!]
[ငါ့ရဲ့စိတ်ကူးယဉ်အမျိူးသားလောင်းလေးက ဒီလောက် ချစ်ဖို့ကောင်းတာတောင် လူမသိသူမသိ ခပ်လျိုလျိုလေး နေနေလိုက်သေးတယ်...ဘာလို့ သူ့ပုံကို ပရိုဖိုင်လေးတောင်မှ မထားရတာလဲ? ဘာလို့ Avatar ကြီးထားတားရတာတုန်း?]
YOU ARE READING
ရည်းစားလေးပဲထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
Romanceမြန်မာဘာသာပြန် အပိုင်း- ၉၇ အချပ်ပို-၆