[Unicode]
ကျောက်ရွေပြန်သွားတာအတော်လေးကြာသည့်တိုင်အောင် ယွီရှင်းဟာ သူ့ဘာသာအပြစ်တင်လို့မဆုံးဖြစ်နေသေးသည်။
ထိုင်လိုက်ထလိုက် ထလိုက်ထိုင်လိုက်ဖြင့် အခန်းထဲဒေါင်းတောက်အောင်မနားမနေပတ်နေပြီးနောက်ယွီချင့်ဟွမ်အားမေးလာသည်။
"ချင့်ဟွမ် ငါကတကယ့်ကိုသွေးအေးသတ္တဝါဖြစ်နေပြီလား? အာ..ငါသူ့ကိုဖုန်းခေါ်ပြီးတောင်းပန်သင့်တယ်လို့မင်းထင်လား?"
Orange ဟာ ကျောက်ရွေရဲ့ဘဝဖြစ်ရပ်မှန်ကနေ မှီငြမ်းထားတယ်ဆိုတာ သူဘယ်လိုမှမထင်ထားခဲ့။သူထင်လိုက်တာက ကျောက်ရွေဟာ ခေတ်ရေစီးကြောင်းအရ ပေတိပေစုတ်ပုံဖမ်းထားတယ်လို့သာ။
အစောတည်းကသာကြိုသိခဲ့မယ်ဆိုရင် သူ့ရဲနာကျင်စရာမှတ်ဥာဏ်တွေကို ဘယ်တော့မှဟာသလုပ်မိမည်မဟုတ်ပေ။
"ရပါတယ်" ယွီချင့်ဟွမ်ကနေ သူ့အားနှစ်သိမ့်လာ၏။
"တမင်လုပ်တာမှမဟုတ်တာ ကျောက်ရွေစိတ်ထဲထားမှာမဟုတ်ပါဘူး"
တအောင့်လောက်ရှိနေပြီးတောင် ယွီရှင်းမျက်နှာထက်ဝယ်အပြစ်မကင်းစိတ်တွေအတိုင်းသားနေရာယူရက်သားရှိနေသေးတာကိုတွေ့လိုက်ရသော် သူကပြောလာ၏။
"တကယ်လို့များ ဒါဟာ သူဘယ်တော့မှမထိတွေ့ဝံ့တဲ့ အကြောင်းအရာတခုသာဖြစ်နေမယ်ဆို ဇာတ်ညွှန်းအဖြစ်အသက်သွင်းပြီး ရုပ်ရှင်အနေနဲ့တောင် သူဘယ်လိုမှရိုက်ကူးနေလိမ့်မှာမဟုတ်ဘူး"
ထိုအရာက ယွီရှင်းအား ချက်ချင်းဆိုသလိုရွှင်လန်းလာစေပြီး
"မင်းပြောတာမှန်တယ် ငါကတကယ့်ကိုတုံးအလိုက်တာ"
ယွီချင့်ဟွမ်ကရေနွေးပူပူတခွက်ငှဲ့လိုက်ရင်း သူ့ရှေ့တွန်းပို့လိုက်ကာ နောက်အကြောင်းအရာခေါင်းစဥ်တခုပြောင်းဖို့ကြိုးပမ်းလိုက်သည်။
"ကော ကျွန်တော့်ကို အာဟာရပညာရှင်တယောက်ရှာပေးဦး ကျွန်တော်ကိုယ်အလေးချိန်အနည်းငယ်ချချင်တယ်"
YOU ARE READING
ရည်းစားလေးပဲထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
Romanceမြန်မာဘာသာပြန် အပိုင်း- ၉၇ အချပ်ပို-၆