[Unicode]
“ချင့်ဟွမ်ကို သွားခေါ်ချေ”
ဆံပင်တွေဖွေးဖွေးဖြူနေသည့် လူအိုကြီးတယောက်မှာ သူ့စာကြည့်မျက်မှန်ကို နှာရိုးပေါ်ကနေပင့်တင့်လို့ ကျန်းချီကို စေခိုင်းလိုက်သည်။
ထိုလူအိုကြီးမှာဝမ်ကျန်းရှန်းဟုခေါ်ကာ နိုင်ငံ၏ ပထမတန်းစားအနုပညာသည်တယောက် ဖြစ်သည်။
သူ့အသက်နှင့်အရည်အချင်းမှတ်တမ်းတွေကြောင့် သူဟာအနုပညာလောကတွင် နိုင်ငံ့အဖိုးထိုက်ရတနာ ဟူသော နာမည်ဂုဏ်ပုဒ်တခုကိုလက်ဝယ်ပိုင်ဆိုင်ထားသည်။
လျိုကျားအန့်ဖြင့်သာ ခင်မင်ရင်းနှီးသည့်ဆက်ဆံရေးမျိူးမရှိခဲ့ဘူးဆိုရင် သူ့ကို ဒီရိုက်ကွင်းမှာဘယ်သောအခါမှ တွေ့မြင်နိုင်ခွင့်ရှိမည်မဟုတ်ပေ။
ကျန်းချီမှာ ဒီလူအိုကြီး၏တောင်းဆိုချက်ကို မျက်ကွယ်မပြုရဲဘဲ “ဟုတ် ခဏလေးပါ” ဟူ၍ ရိုးကျိူးစွာ ပြန်လည်ဖြေကြားလိုက်၏။
ယွီချင့်ဟွမ်ထံရောက်လာသော် သူကအကျီအဝတ်အစားများကိုလဲလှယ်ပြီးဖြစ်နေသည်။ ဝမ်ကျန်းရှန်းမှာ အရေးကြီးတစုံတရာကြောင့် သူ့ကိုခေါ်ခြင်းဖြစ်မည်ဟုတွေးမိကာ ကုတ်အကျီအဖြူကို ထပ်မဝတ်နိုင်တော့ပဲ လျင်မြန်ဖျတ်လတ်စွာသွားလိုက်သည်။
ထို့အတွက်ကြောင့် သူ့တွင် ဘောင်းဘီထဲအမြန်အဆန်ထိုးသိပ်ဝတ်ဆင်ထားရသော စိမ်းပြာရောင်အကျီနှင့် လက်ထဲတွင်တော့ လေဘယ်ညှပ်ရန်ကိုင်ဆောင်ထားသည့်ကပ်ကြေးတလက်သာရှိလေသည်။
သူ၏ မြင့်မားပြီးကြံ့ခိုင်သောကိုယ်လုံးကိုယ်ထည်မှာ ဒီဗရုတ်သုတ်ခဖြစ်နေသောအသွင်အပြင်ကို ဖြစ်ကတက်ဆန်းဖြစ်မသွားစေဘဲ လွတ်လွတ်လပ်လပ်ရိုးရိုးရှင်းရှင်းဖြစ်သွားစေကာ ဝမ်းကျန်းရှန်၏ မျက်လုံးအိမ်ထဲ အလွန်သဘောခွေ့ကျေနပ်သွားစေ၏။
ဒီလူငယ်လေးကယဲ့ရှန်းဇာတ်ကောင်နေရာအတွက် စံနမူနာထိုက်တန်သည့် ယှဉ်ပြိုင်သူတယောက် ဖြစ်နေသည်။ ကောင်းယွင်ချန်မှာတော့ တော်တော်လေးကို ဆန့်ကျင်ဘက်ပင်။
ဝမ်ကျန်းရှန်းမှာ အေးတိအေးစက်သရော်သံတခုပြုလိုက်ရင်း သူ့မျက်လုံးမျက်ခုံးများမှာ ကောင်းယွင်ချန်အပေါ်တွင် အထင်သေးစက်ဆုပ်မှုတွေအပြည့်ဖြင့်ကြည့်လိုက်ကာ ဒီလူက ယွီချင့်ဟွမ်နှင့် ဘယ်လိုမှ နှိုင်းယှဉ်လို့မရအောင်နိမ့်ကျတယ်လို့ တွေးတောနေသည်။
YOU ARE READING
ရည်းစားလေးပဲထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
Romanceမြန်မာဘာသာပြန် အပိုင်း- ၉၇ အချပ်ပို-၆