[Unicode]
နောက်တနေ့မနက်စောစောရောက်တော့ ယွီချင့်ဟွမ်မှာဝတ်စားပြင်ဆင်ပြီး ရိုက်ကွင်းနေရာသို့ရောက်လာသည်။
ပထမဦးဆုံးရိုက်ကူးရမည်မှာသူနှင့်ဖန်းကျုံးရှီးနှစ်ဦးကြားဇာတ်ဝင်ခန်းဖြစ်၏။
ထူးဆန်းအံ့သြဖွယ်ကောင်းသည်မှာ အမြဲလိုလိုအချိန်တိကျမှန်ကန်တတ်သည့်ဖန်းကျုံးရှီးတယောက် ယနေ့ဖြစ်တောင့်ဖြစ်ခဲနောက်ကျနေတာပင်။
ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးအချိန်တခုကြာသည်အထိစောင့်ဆိုင်းနေရပြီးမှ နောက်ဆုံးတွင်အားတောင့်အားနာဖြစ်နေသည့်မျက်နှာပေးလေးနဲ့သူကရောက်ရှိလာသည်။
ယခုတခေါက်မှာပထမဆုံးအကြိမ်ဖြစ်သည့်အပြင်အရိုးခံစိတ်ရင်းမှန်ဖြင့်ဝန်ချတောင်းပန်နေတာကြောင့်လျိုကျားအန့်မှာစိတ်ဆိုးမနေတော့ပဲ လက်ဝှေ့ယမ်းသာပြလိုက်ကာ သူအားအဆင့်သင်ပြင်ခိုင်းထားလိုက်တော့သည်။
ဖန်းကျုံးရှီးမှာစိတ်နဲ့ကိုယ်မကပ်သည့်အလားဖြစ်နေပြီး နေရထိုင်ရတာအလွန်သက်တာင့်သက်သာရှိမနေသလိုပင်။မိတ်ကပ်အထူကြီးနှင့်ဖုံးကွယ်ထားရင်တောင် လွယ်လွယ်ကူကူတွေ့မြင်နိုင်လေသည်။
"ခင်ဗျား အဆင်ပြေရဲ့လား?"
တယောက်နဲ့တယောက်ရင်းနှီးကျွမ်းဝင်ခြင်းမရှိကြပေမယ့် ယွီချင့်ဟွမ်မှာထိုသို့မြင်တွေ့လိုက်ရရင် မနေသာတော့ပဲ ကင်မရာကိုကျောခိုင်းထားရင်းက ဂရုတစိုက်မေးမြန်းမိသည်။
"ကောင်းပါတယ်" ဖန်ကျုံးရှီးမှ အေးတိအေးစက်ပြန်ဖြေလာသည်။
သူ့အားစကားမပြောချင်ဟန်ပေါက်နေတာကိုသတိပြုမိသွားတာကြောင့် ယွီချင့်ဟွမ်မှာဆက်မပြောတော့ပဲ သူ့ဝတ်စုံကိုသာခေါင်းငုံ့လို့နေရာတကျသပ်သပ်ရပ်ရပ်ပြင်ဆင်နေလိုက်သည်။
ဒါဟာ ယွီချင့်ဟွမ်အတွက်တော့ ဒုတိယမြောက်နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်သည်။လူကယ်ဆယ်ရေးအခန်းဖြစ်ကာ အားအင်တွေအဆမတန်သုံးစွဲရမည့်ဇာတ်ဝင်ခန်းမျိုးပင်။
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...