Cha-85

3.8K 483 13
                                    

လက်ရှိမှာ လက်ဖက်ရည်ဆိုင်ထဲတွင် စန်းဖန်သည် ဝမ်ကျန်းရှန်နှင့်အတူ လက်ဖက်ရည်သောက်နေခဲ့သည်။ သူမမျက်နှာမှာ ပန်းသွေးခြယ်နေပြီး အခါအားလျော်စွာ လက်ချောင်းတချောင်းဆန့်ထုတ်၍ သူမဘယ်ဘက်လက်မှာဝတ်ဆင်ထားတဲ့ ရွှေလက်စွပ်ရိုးရိုးရှင်းရှင်းလေးကို ပွတ်သပ်ထိတွေ့နေ၏။

စိတ်ကျေနပ်မှုတွေပြည့်လျှံနေတဲ့မျက်ဝန်းများဖြင့် သူမအသွင်အပြင်မှာ ယခင်စိတ်နှလုံးချွတ်ခြုံကျနေသောအမျိုးသမီးအိုကြီးနှင့် အကွာကြီးကွာခြားနေခဲ့သည်။

"စန်းကျဲ ကျွန်တော်တို့နှစ်ယောက်အတူ လက်ဖက်ရည်မသောက်ရတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီပဲ"

ဝမ်ကျန်းရှန်မှာ သက်ပြင်းအသာချရင်း စန်းဖန်ရဲ့ခွက်ထဲကို လုံကျင်းလက်ဖက်ရည်ခွက်တဝက်ဌဲ့ထည့်ပေးလိုက်သည်။ လက်ဖက်ရွက်များမှာ ရေနွေးပူပူထဲ အပြည့်အဝအစိမ်ခံထားရတာမို့ ပို၍လတ်ဆတ်နုသစ်နေပုံရ၏။ ခွက်ထဲမှာလည်ပတ်နေရင်း အလွန်မျက်စိပသာဒဖြစ်ဖွယ်ကောင်းနေသည်။

စန်းဖန်က ခွက်ကို သူမနှုတ်ခမ်းဝဆီသို့ယူလာပြီးလက်ဖက်ရွက်များကို တစ်ဖက်သို့ညင်ညင်သာသာမှုတ်ထုတ်လိုက်ကာ တငုံသောက်လိုက်သည်။

"ဟုတ်တယ် လွန်ခဲ့တဲ့နှစ်တချို့မှာ ငါဘယ်လိုရှင်သန်ခဲ့တယ်ဆိုတာ ပြန်တွေးကြည့်လိုက်ရင် တကယ့်ကိုသေလူလိုနေခဲ့မိတာပဲ"

"အဲ့လိုနေ့ရက်တွေကျော်လွန်ခဲ့ပါပြီ"

ဝမ်ကျန်းရှန်က သူ့လက်ကိုဝှေ့ယမ်းပြလိုက်ပြီး ဒီလိုဝမ်းနည်းစိတ်ထိခိုက်ဖွယ်ရာခေါင်းစဉ်ကို သူမကိုအစပြန်မဖော်လိုတာမို့ အကြောင်းအရာခေါင်းစဉ်ကို အလိုက်အထိုက်စကားလမ်းကြောင်းပြောင်းလိုက်တော့သည်။

"ချင့်ဟွမ်ကို ဇာတ်ညွှန်းတခု ခင်ဗျားအကြံပြုခဲ့တယ်လို့ ကျွန်တော်ကြားတယ်?"

"အမ်း" ယွီချင့်ဟွမ်အကြောင်းပြောလာတော့ စန်းဖန် မျက်နှာပေါ်ကအပြုံးက ပိုမိုနွေးထွေးလာ၏။

"လွန်ခဲ့တဲ့နှစ်တချို့မှာ ပရော်ဖက်ရှင်နယ်ကျင့်၀တ်နဲ့ပတ်သက်ပြီး အဆိုပြုချက်များစွာရှိခဲ့တယ်၊ ငါအရင်ကအတွင်းသတင်းနည်းနည်းလောက်ကြားဖူးထားတယ်၊ ဒီနှစ်ကနေစလို့ နိုင်ငံတော်က ခုထက်ပိုပြီး ဒါကိုပိုအလေးထားလိမ့်မယ်ဆိုတာ"

ရည်းစား​လေးပဲထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now