[Unicode]
ယွီချင့်ဟွမ်သရုပ်ဆောင်ရမည့်အပိုင်းမှာပထမဦးဆုံးမဟုတ်ပေ။
တခြားသူတွေ၏ သရုပ်ဆောင်မှုတွေကိုအချိန်တခုလောက်စောင့်ကြည့်လေ့လာပြီးနောက် သူဟာထောင့်တစ်နေရာသို့သွားပြီးသူ့အလှည့်စောင့်ရင်း စာသားများကိုကျက်မှတ်နေ၏။
ယွီချင့်ဟွမ်မှာရိုက်ကူးရေးအတွင်းအလေ့အကျင့်တခုဖြစ်ထွန်းလာခဲ့သည်။ထိုအရာမှာစာသားများကို နှလုံးသားထဲစွဲနင့်နေသည်အထိမှတ်သားပြီး တချိန်တည်းမှာပဲ သူ့ကိုယ်သူ တဖက်လူရဲ့ စကားအသွားအလာတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်လာစေဖို့ပင်။
ထိုမှသာ သူအနေနဲ့ အကောင်းဆုံးတုံ့ပြန်သရုပ်ဖော်မှုကိုဆက်စပ်ရရှိပေမည်။
"ချင့်ဟွမ်, ဒီကိုလာ ဒီကိုလာ ကန်စွန်းဥမီးကင်လေးလာစားလှည့်"
သူစာမျက်နာတစ်ခုပြီးလို့နောက်တစ်မျက်နာလှန်မည်လုပ်စဥ်မှာပဲ ယွီရှင်းသည် လက်ထဲစက္ကူအိတ်တခုကိုင်ရင်း သူ့ထံပြေးချလာသည်။
ထို့နောက် သူကအနူးအိဆုံးတခုကိုရွေးယူလိုက်ပြီး ချင့်ဟွမ်အားကမ်းပေးလိုက်ရင်း အပြုံးတခုဖြင့်
ဆိုလာသည်။"ဒါလေးချိုတယ် ရှန်ယီလက်ထောက်က မင်းအတွက်ပို့ပေးသွားတာ"
ရှန်ယီဆိုတာ ယွီရှင်းအောက်မှာရှိတဲ့ ပေါ်ပြူလာအဖြစ်ဆုံး B-list Celebrity တယောက်ဖြစ်သည်။
အတိတ်ဘဝတုန်းကယွီရှင်းသည် ထိုသူ့အားရှုတင်နေရာသို့လိုက်ပို့ရင်းလမ်းမှာကားအက်စီးဒန့်ဖြစ်ကာ ပွဲချင်းပြီး ဆုံးသွားခဲ့သည်။
ယွီရှင်းမှာကြင်နာသနားတက်တဲ့နှလုံးသားရှိသည်။
ရှန်ယီမျက်နှာထိခိုက်သွားမှာစိုးရိမ်တာကြောင့် သူသည်တက်နိုင်သမျှ သူ့မျက်နှာကိုကာကွယ်ပေးခဲ့ပြီးရလာဒ်ကတော့ လူတိုင်းနေရာတင်ပွဲချင်းပြီးဆုံးသွားကြပေမယ့်ရှန်ယီတယောက်ကတော့လက်မောင်းတွင် အညိုအမည်းဒဏ်ရာတခုသာရခဲ့သည်။သို့သော် ရှန်းယီမှာ ယွီရှင်း၏ စျာပနပွဲကိုမေ့လျော့နေခဲ့၏။အဘယ်ကြောင့်ဆိုသော် သူ့ရှူးဂါးဒယ်ဒီကို ခစားနေရလို့ပင်။
YOU ARE READING
ရည်းစားလေးပဲထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
Romanceမြန်မာဘာသာပြန် အပိုင်း- ၉၇ အချပ်ပို-၆