[Unicode]
ကျောက်ချင်းယွမ်တံခါးကို ဆောင့်ပိတ်ချသွားပြီး ထွက်ခွာသွားတဲ့နေ့တုန်းက ယွီချင့်ဟွမ်မှာ သူ့နောက်အပြေးလိုက်တောင်းပန်ပြီး သူကလည်းမကျေလည်သေးသယောင်ဟန်ပန်ကြီးတခွဲသားလုပ်ကာ ပြီးခါမှပြန်လည်ပြေငြိမ်းမယ်လို့ တွေးထင်ထားခဲ့သည်။
ဒါက သူငယ်ချင်းကောင်းတွေကြား သဘောထားကွဲလွဲငြင်းခုန်ပြီးနောက်ရှိတတ်တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဥ်တခုပင်!
သို့သော်ငြားလည်း သူလုံးဝမမျှော်လင့်ထားမိသည်မှာ ယွီချင့်ဟွမ်မှာသမရိုးကျအသိစိတ်ဓါတ်အတိုင်း လိုက်လုပ်တက်သူတယောက်ဟုတ်မနေတာပင်။
ယွီချင့်ဟွမ်မှာ မိမိကိုယ်ကိုယုံကြည်မှုကြီးမားသည့်ငယ်ရွယ်သူတယောက်ဖြစ်နေသေးတာကြောင့်
ပထမနေ့သူ့ပျက်ကွက်မှုကို ကျောက်ချင်းယွမ်အနေဖြင့်ခွင့်လွှတ်ပေးလို့ရသေးသည်။သို့သော် ထိုသူကဒုတိယနေ့ရောက်သည်အထိ အရိပ်အယောင်မျှပင်မမြင်ရသေး။
ရောက်မလာရုံသာမက တခြားသူနောက်ကိုတောင် သူ့အားအကြောင်းမကြားဘာမကြား ကောက်ကောက်ပါအောင်လိုက်သွားသေးတယ်!
“ဘုရားတရား!”
အမျက်ဒေါသတွေစုပုံနေပြီး အဖျက်မိစ္ဆာတယောက်ဝင်ရောက်ပူးကပ်ခြင်းခံနေသလိုဖြစ်နေသော ကျောက်ချင်းယွမ်အားကြည့်လို့ သူ့အေးဂျင့်က ရှုံ့တွတွအပြုံးတချက်ပေးလိုက်ရင်း သူ့ပခုံးအား ဖိနှိပ်လိုက်ကာနားချဖို့ကြိုးပမ်းနေ၏။
“မင်းကချင့်ဟွမ်ထက်ဆယ်နှစ်တောင်ကြီးတာပဲ..သူနဲ့ ဘယ်လိုကိစ္စမျိုးအငြင်းပွားထားကြလို့လဲ? ဒါက တောင်းပန်ယုံလေးတင်မဟုတ်လား?”
သူ့အေးဂျင့်တောင်မှ သူခုလိုမိန်းမငယ်လေးတယောက်ကဲ့သို့ စိတ်လွတ်နေတာမျိုးကိုသည်းညည်းမခံနိုင်ပေ။
သို့သော်လည်း သူ့အေးဂျင့်မှထိုကိစ္စကိုထုတ်ဖော်ပြောကြားလာသည်နဲ့ ကျောက်ချင်းယွမ်၏ဒေါသတွေမှာ ချက်ချင်းလက်ငင်းလှိုက်တက်လာပြန်၏။
“ငါမင်းကိုပြောမယ်! ဒီနေ့ကစလို့ယွီချင့်ဟွမ်ဆိုတာ ငါ့စာရင်းထဲမရှိတော့ဘူး! ငါတို့အဆုံးသတ်ပြီ!”
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...