[Unicode]
ဟော်ချွီမှာအိမ်ရာအနီးပတ်ဝန်းကျင်ကို နာရီဝက်လောက်ပတ်နေသော်လည်း သူ့အိမ်ကိုရှာမတွေ့ဘူးဖြစ်နေလေသည်။
နောက်ဆုံးမှာတော့ သူ့ရဲ့စာအုပ်အသေးလေးအား ထုတ်ယူလိုက်ပြီး အိမ်ဖုန်းကိုသာလှမ်းခေါ်လိုက်ရပေ၏။
မဒမ်ဟော်မှာတော့ ပါးပြင်မှာမျက်ရည်တွေစီးကျနေပြီးဧည့်ခန်းထဲထိုင်လို့နေသည်။
သူမသားအငယ်ဆုံးလေးအား တွေ့လျှင်တွေ့ချင်း
ဘာတခုမျှမလုပ်နိုင်တော့ပဲ ဖိနပ်ချွတ်ပြီးတာတောင် မစောင့် ရင်ခွင်ထဲသို့ခပ်မြန်မြန်လှမ်းဆွဲဖက်ထားလိုက်တော့သည်။သူမဟာ သူမချစ်သားလေးကြောင့် ငိုယိုနေပြီးမျက်ရည်တွေက ဟော်ချွီတီရှပ်ကိုတောင် စွတ်စိုသွားစေ၏။
"အိမ်မှာ ဒရိုင်ဘာတွေရှိတာကို ဓါတ်ခွဲခန်းကို မင်းကခေါင်းမာမာနဲ့ တယောက်တည်း သွားချင်တယ်...!! မားမားတနေကုန် ဘယ်လောက် စိတ်ပူနေရတယ်ဆိုတာ မင်းမသိဘူး..! အက်စီးဒန့်တခုခုများဖြစ်လားဆိုပြီး သေလောက်အောင်ကြောက်နေရတာ! အစားတလုပ်တောင် မဝင်ဘူး..! "
ဟော်ချွီမှာကျောက်ရုပ်ဖြစ်လို့သွားပေသည်။ သူဟာ သူ့အမေကို ဘာလုပ်ရမယ်မှန်းမသိဖြစ်နေတဲ့ တုံဏိဘာဝေအမူအရာနဲ့ ကြည့်နေပြီး သူ့နှုတ်ခမ်းတွေကတော့တင်းတင်းစေ့ပိတ်ထားသည်မှာ စကားတလုံးတောင်ထွက်မလာပေ။
မဒမ်ဟော်သည် သူမသားနဖူးပေါ်က ဆံနွယ်လေးတွေကို သပ်တင်ပေးလိုက်ပြီး နှာခေါင်းလေးအား အသာဆွဲညှစ်လိုက်သည်။
သူမသားအငယ်ဆုံးလေးက အလွန့်အလွန်ကို ညဏ်ကောင်းသည်။ အသက် ၂၀ အရွယ်ကတည်းက ဒေါက်တာဘွဲ့ နှစ်ဘွဲ့ရပြီး သုတေသနတက္ကသိုလ်ကို ဝင်ရောက်နိုင်ခဲ့သည်။
နိုင်ငံတကာဆုတွေကိုလည်း ရေတွက်မရနိုင်လောက်တဲ့အထိဆွတ်ခူးခဲ့ပြီး တက္ကသိုလ်တွေမှာ သူအားခေါ်ယူရန် အပြိုင်အဆိုင်အလုအယက် ကြိုးပမ်းခဲ့ရသည်။
Mathematical Physics နယ်ပယ်မှာတော့ သူက အဓိကကျသည့် ရှေ့ဆောင်လမ်းပြသိပ္ပံပညာရှင်တဦးလို့ သတ်မှတ်လို့ရပေသည်။
YOU ARE READING
ရည်းစားလေးပဲထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
Romanceမြန်မာဘာသာပြန် အပိုင်း- ၉၇ အချပ်ပို-၆