[Unicode]
ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲတွင် အနုပညာကြယ်ပွင့်တချို့တလေလောက်သာ ယခုကဲ့သို့တယောက်ကိုတယောက်ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ကြလေမည်။
နှစ်ဖက်စလုံးတယောက်ကိုတယောက် အတိုင်းအတာတခုအထိ အပြန်အလှန်မုန်းတီးစက်ဆုပ်နေတောင်မှ အနည်းဆုံးတော့ လူထုမြင်ကွင်းရှေ့တွင် ညီအစ်ကို,ညီအမရင်းချာသဖွယ် ချစ်ချစ်ခင်ခင်ပုံရိပ်ကိုသာချပြကြမည်ဖြစ်၏။
သို့ရာတွင် ရှန်ယီရဲ့ကိစ္စကတော့ ဒီလောကဝယ် စံနမူနာတခုအဖြစ်ရပ်တည်သွား၏။
သူ့လုပ်ဆောင်မှုသည် လူအတော်များများကို သူ့အွန်လိုင်းစာမျက်နှာပေါ်တွင် မှတ်ချက်များပြုလာစေရန်ဆွဲဆောင်နိုင်ခဲ့ပြီး သူ့ Weibo follower အရေအတွက်အား ၂သန်းအထိညတွင်းချင်းတိုးပွားလာစေ၏။
ရှန်ယီမှာအောင်မြင်မှုတွင်ယစ်မူးနေပြီး ရွှီနင်ပြောသမျှပိုလို့တောင်နာနာခံခံရှိနေတော့သည်။
ကျောက်ချင်းယွမ်မှာ ဒီဒရာမာဇာတ်လမ်းကို ရုပ်ရှင်ရိုက်ကူးနေရာကနေ အမှတ်မထင်တွေ့လိုက်ရ၏။သူ့နှာခေါင်းတောင် အမျက်ဒေါသကြောင့်ပုံဆိုးပန်းဆိုးဖြစ်လုနီးပါးတွန့်လိမ်လာရ၏။
သို့ရာတွင် သူဆိုသည်မှာက မျက်နှာပျက်အရှက်ရခြင်းအားအမှုမထားအညံ့မခံတက်ပဲ သူ့ဒေါသအားထင်သလိုဖွင့်ထုတ်ချတတ်သူတယောက်ဖြစ်တာမို့ သူ့အေးဂျင့်ဆီကပုန်းကွယ်လိုက်ရင်း ရှန်ယီနှင့် weibo ပေါ်တွင် ထိပ်တိုက်တွေ့တော့သည်။
ကျောက်ချင်းယွမ်: ရှန်ယီ, ကိုယ်ပါ့ကိုယ်လေးစားအားနာစိတ်လေးရှိပါဦးသားကြီးရ! ချင့်ဟွမ်ကိုအပုတ်ချရင်းအမြင့်တနေရာတက်လှမ်းချင်တယ်ပေါ့? အိပ်မက်မက်နေလိုက်!
ထိုပိုစ့်တင်ပြီးသော် ထိုအရာက ကနဦးတည်းက ရှုပ်ထွေးပွေလီနေပြီးသားအခြေအနေကိုပိုမိုရှုပ်ထွေးသွားစေ၏။
[ဖာ့ခ်! တာ့ယွမ်က ဘာလို့ဒီပွဲကိုဝင်ပါလာရတာလဲ? သူ့နဲ့ယွီချင့်ဟွမ်ကြားက ကောလဟလတွေက မမှားနိုင်ဘူးလို့ ငါရုတ်တရက်ကြီးခံစားမိလာပြီ...]
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...