[Unicode]
ယွီချင့်ဟွမ်မှာ ဟော်ချွီအားအိမ်ပြန်မပို့ခင် အမဲခေါက်ဆွဲဆိုင်သို့ခေါ်ဆောင်သွားခဲ့သည်။
ယခုနေရာကအမဲခေါက်ဆွဲမှာအတော်လေးအရသာရှိသည်။ တကြိမ်တခါစားဖူးရုံမျှနှင့်ကို သူသဘောကျနှစ်ခြိုက်သွားရသည်။ထို့ကြောင့် မကြာမကြာရက်ခြားလာစားလေ့ရှိသည်။
"ရော့"
သူဟာ အမဲသားများဖြင့်မျက်နှာပြင်တွင်ဖုံးလွှမ်းပြည့်နှက်နေသောခေါက်ဆွဲပန်းကန်အားဟော်ချွီရှေ့တွန်းပို့လိုက်ရင်းအပြုံးတခုဖြင့်ဆိုလိုက်၏။
"စားကြည့်ကြည့်"
ဟော်ချွီမှခေါင်းညိတ်ပြလာရင်း တူကိုပျော်ရွှင်စွာကောက်ကိုင်လိုက်သည်။
သူဟာခုထက်ထိတူနဲ့အကျွမ်းတဝင်မရှိသေးပေ။ခေါက်ဆွဲကိုညှပ်ယူနိုင်ဖို့ကိုးရိုးကားယားနိုင်စွာအကြိမ်ကြိမ်အဖန်ဖန်ကြိုးပမ်းလိုက်ပေမယ့် ခေါက်ဆွဲတခုတလေတောင်ပါမလာသေးပေ။သူ့နှာခေါင်းလေးသာရှုံ့တွရှုံ့တွဖြစ်လာရ၏။
ယွီချင့်ဟွမ်မှာ သူရဲ့ဒီပုံပန်းသဏ္ဍန်ဟာရယ်စရာလဲကောင်းနေပြီး အလွန်အမင်းလဲချစ်ဖို့ကောင်းတယ်လို့ထင်မှတ်နေတော့သည်။
ဖြူဖြူဖွေးဖွေးအိစက်စက်ယုန်ငယ်လေးတကောင်ကဲ့သို့ သူ့အားဗိုလ်ကျအနိုင်ကျင့်ပစ်ချင်တဲ့စိတ်အာသီသတွေတဖွားဖွားပေါ်ပေါက်လာစေ၏။
ဟော်ချွီအားကူညီရမယ့်အစား သူကမေးထောက်စိုက်ကြည့်နေလိုက်သည်မှာ ဟော်ချွီမျက်နှာတခုလုံးနီရဲတောက်လာပြီး တူလုံးဝဆက်မကိုင်နိုင်တော့သည်အထိပင်။
သေစမ်း! ဟော်ချွီမှာသူနောက်ထပ်ဖျားပြန်ပြီ ဟူ၍ မှတ်ထင်နေတော့သည်!
ချင့်ဟွမ်မှ ခုလိုအပြုံးလေးနဲ့သူ့အားကြည့်လာတိုင်း သူအသက်ရှုရတာခက်ခဲလာပြီး ခေါင်းထဲရီဝေဝေမူးနောက်လာသလိုခံစားလာရသည်။
သူ့လည်ဇလုပ်လေးမှာအပေါ်အောက်ရွေ့လျားနေပြီး တဖက်လူအကြည့်တွေဆီကနေရှောင်ရှားဖို့ရန်အတွက် မသိစိတ်အလျောက်ခေါင်းငုံ့သွားရင်း စွပ်ပြုတ်ရည်အားပါးစပ်အပြည့်အလောတကြီးသောက်လိုက်မိသည်။
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...