[Unicode]
ယွီချင့်ဟွမ် သူ့အခန်းပြန်ရောက်တာမကြာသေးခင်မှာပဲ ကျောက်ချင်းယွမ်မှ တံခါးလာခေါက်ပြီး လက်ထဲတွင် အပူခံထမင်းဘူးကိုင်လို့ လျှောက်ဝင်လာသည်။ထို့နောက်တွင် ခုတင်ပေါ်သို့ ဖင်နဲ့တက်ထိုင်ပြီး ယွီချင့်ဟွမ်အား မေးခွန်းထုတ်လိုက်သည်။
"ဘာလို့ငါ့ကိုစောင့်မနေတာလဲ?"
အကောင်းဆုံးသရုပ်ဆောင်ဆုရှင် ကျောက်ချင်းယွမ်မှာ သူ့ဘော်ဒါကသူ့ကိုစောင့်မနေခဲ့လို့ အတန်ငယ် စိတ်မကောင်းဖြစ်နေ၏။ယွီချင်ဟွမ်မှ သူ့အား မှင်သေသေတချက်ကြည့်လိုက်ပြီး
"မင်းကကလေးလား အိမ်သာသွားတာတို့ အိမ်ပြန်တာတို့ကို အဖော်လိုရအောင်"ကျောက်ချင်းယွမ်မှာ သူ၏ပြက်ရယ်ပြုစကားများနှင့် အသားကျနေပြီဖြစ်လို့ သူ၏စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားမှာ လယ်ဗယ်တခုအထိတောင်အဆင့်မြင့်နေပြီဖြစ်ရာ ယခုတခေါက်တွင်တော့ သူကခြေဆောင့်မနေတော့ပေ။ထိုအစား သူကအပူခံထမင်းဘူးကိုဖွင့်လိုက်ပြီး ယွီချင့်ဟွမ်အား ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်ပြီး
"ဒါလေးကို ငါ့အမေ ခုလေးတင် ပို့လိုက်တာ...ဒီတော့ ဘော်ဒါ ငါဒါကို မင်းနဲ့ရှယ်ဖို့ အထူးသီးသန့် ယူလာတာနော်"
"မင်းနဲ့အတူစားဖို့ တယောက်ယောက်လိုနေတာပါ"
ယွီချင့်ဟွမ်မှာ ကျောက်ချင်းယွမ်အကြောင်း အတွင်းသိအစဉ်းသိဖြစ်လေရာ သူ့အားချက်ချင်းပဲ ထိုးထွင်းသိမြင်နိုင်၏။ကျောက်ချင်းယွမ်မှာ အပြုံးတခုကိုညှစ်ထုတ်ရင်း ဝန်ခံလိုက်သည်။
"မင်းငါ့ကိုမိသွားပြီ!"အထဲတွင် ထမင်း၊အရသာရှိသောဟင်းလျာများနှင့် စွပ်ပြုပ်ရည်အထိ အမယ်အစုံအလင်ပင်။ကြည့်လိုက်ယုံနှင့် သူ့အမေ အမှန်တကယ် စိတ်နှစ်ကိုယ်နှစ်ပြုလုပ်ပေးထားမှန်းတန်းပြောနိုင်၏။ထို့နောက်တွင် ကျောက်ချင်းယွမ်မှ ယွီချင့်ဟွမ်လက်ထဲ ဇွန်းတချောင်းထိုးထည့်ပေးလိုက်ပြီး
"လာ! ပူတုန်းစား!"တခဏလောက်ရပ်တန့်နေပြီး ယွီချင့်ဟွမ်စတင်စားသောက်မည်လုပ်စဉ်အခါမှ သူကရုတ်ချည်း တားမြစ်လိုက်၏။
"ခဏလေး! ငါဓာတ်ပုံလေးအရင်ရိုက်ပါရစေဦး"
YOU ARE READING
ရည်းစားလေးပဲထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
Romanceမြန်မာဘာသာပြန် အပိုင်း- ၉၇ အချပ်ပို-၆