[Unicode]
ဟော်ချွီဘဝမှာ ယခုနေရာလေးတွင် အတော်လေး
ပုံမှန်တကျလည်ပတ်နေ၏။နေ့ဘက်ဆိုရင်တော့ ယွီချင့်ဟွမ်နှင့်အတူရိုက်ကွင်းလိုက်သွား.. သူ့လက်ထောက်အဖြစ်အမှုထမ်းကာ
ညဘက်မှာဆိုရင်တော့ ၉နာရီထိုးတာနဲ့ နာနာခံခံအိပ်ရာဝင်လေသည်။ရိုက်ကူးရေးအဖွဲ့သားအားလုံးဟာလဲ သူဘယ်သူဆိုတာကို သိနေကြသည့်အပြင် ယွီချင်ဟွမ်အပေါ်ကလွဲ ကျန်သူအားလုံးအပေါ် ဘာမထီမျက်နှာသေကြီးနဲ့သာရှိနေတတ်လို့ လူအနည်းစုလောက်ကသာ သူ့အားပြောပြောဆိုဆိုရှိလေသည်။
ထို့ကြောင့်သာပဲ သူဟာဒီနေရာမှာအလွန်သက်တောင့်သက်သာရှိဇိမ်ကျနေတယ်ပြောလို့ရ၏။
ဟော်ယုံမှသူ့ထံလာရောက်လည်ပတ်သည့်အခါ အလွန်တရာရိုးရှင်းစစ်မှန်နေတဲ့သူသည် သူ့ညီလေးမှဟုတ်ပါရဲ့လား မှတ်တောင်မမှတ်မိချင်သလိုဖြစ်သွားရသည်။
ထိုအချိန်မှာ ဟော်ချွီသည်လျိုကျားအန့်ဘေးတွင်ရပ်နေပြီးရိုက်ကူးရေးအတွက်အကောင်းဆုံးရှုထောင့်တခုရရှိစေရန်ကူညီတွက်ချက်ပေးနေ၏။
တိကျမှန်ကန်တဲ့နံပတ်စဥ်အတွဲလိုက် သူ့နှုတ်ဖျားကထွက်လာသောအခါ လျိုကျားအန့်မျက်နှာသည် စိတ်အားထက်သန်တက်ကြွမှုတို့ဖြင့် နီမြန်းသွားရရင်း အသက်၆၀ကျော်လူအိုကြီးမှာ ကင်မရာတစ်လုံးကိုင်ပြီး ဟော်ချွီပြောတဲ့ရှုထောင့်တွေအတိုင်း ဟိုဟိုဒီဒီပြေးလွှားနေ၏။
ဟော်ချွီအတွက်ကတော့ သူ့ကိုယ်ပိုင်ပရော်ဖက်ရှင်နယ်ပယ်ထဲရောက်သွားတာနှင့် ချစ်စရာကောင်ကလေးအဖြစ်ကနေ အလွန်စေ့စပ်သေချာသည့်ကျွမ်းကျင်ပညာရှင်အဖြစ်သို့ တမုဟုတ်ချင်းပြောင်းလဲသွားပေသည်။
အခြားလူတွေဖင်ကုန်းအောင်အလုပ်ရှုပ်နေစဥ် သူတယောက်တည်းသာ နေရာတင်မြဲမြံစွာရပ်နေပြီး ဝှက်ဖဲတခုလက်ဝယ်ပိုင်ဆိုင်ထားတဲ့စစ်သူကြီးတယောက်အလား ရိုးရှင်းတဲ့အမိန့်လေးတခုလောက်နဲ့ စစ်တပ်ကြီးတခုလုံးမှာ သူ့လက်ခုပ်ထဲကရေဖြစ်နေသလိုပင်။
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
RomanceTitle- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...