" ခလွမ်း..."
ကနေသူများ ၊ ယိမ်းထိုးနေသူများ ၊ ရေပက်မဝင်နိုင်အောင် စကားပြောနေကြသူများအားလုံးငြိမ်ကျသွားကာ နောက်ဆုံး music box ပါ ပိတ်သွားသည် ။ အားလုံးက စိတ်ဝင်တစားဖြင့် တစ်နေရာသို့ စူးစမ်းကြည့်လာကြလေသည်။ သူတို့စူးစမ်းရာ ထိုနေရာ၌ အရပ် ၆ပေခန့် ရှိမည့် လူငယ်လေးတစ်ယောက် ရှိသည် ။
သူ့မျက်နှာချောချောက ဒေါသကြောင့် နီရဲလျက်ရှိနေပြီး လက်ထဲတွင်မူ ပုလင်းကွဲ တစ်ခုကိုကိုင်ထားလျက်ရှိသည်။ ကြည့်ရတာ လူတစ်ယောက်ကို ပုလင်းဖြင့် ရိုက်လိုက်ပုံရသည် ။ အရိုက်ခံရသည့် လူမှာ ခေါင်းမှ သွေးများပင်စီးကျလာလေသည့်တိုင် လူငယ်လေးက အနည်းငယ်မျှ ဂရုမစိုက်သည့်ပုံစံပင် ။ လူငယ်လေးက လက်ထဲမှ ပုလင်းကွဲစကို ကြမ်းပြင်ပေါ်သို့ လွှင့်ချလိုက်သည့်အခါ သေးငယ်သော ဖန်ကွဲစလေးများအဖြစ် အစိတ်စိတ် အမွှာမွှာ ကြေမွသွားပြီး ပြန့်ကျဲ၍သွားသည်။
လူငယ်လေးက အနီးမှာရှိတဲ့ ဆက်တီခုံပေါ်ကို ပြန်ထိုင်လိုက်ရင်း ပျင်းတိပျင်းရွဲ ပုံစံဖြင့်မှီလိုက်လေသည် ။ စိတ်ဆိုးဒေါသထွက်နေသော အမူအရာက ပျောက်ကွယ်သွားကာ ခပ်လှောင်လှောင် အမူအရာက အစားထိုးဝင်ရောက်၍ လာပေသည်။" ဖိနပ်ချွတ်ပြီး နင်းသွား "
အသံက ခပ်တိုးတိုးဖြစ်နေသည့်တိုင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်အနေအထားကြောင့် ရှိသမျှလူအားလုံးက ကြားလိုက်ကြရသည် ။ သွေးထွက်နေသော လူငယ်ကို ပုလင်းကွဲစများပေါ်ကို ဖိနပ်ချွတ်၍ ဖြတ်လျှောက်သွားစေခြင်းဖြစ်သည်။ သို့သော်ငြားလည်း ထိုသွေးထွက်နေသောလူကို စာနာသနားစိတ်ဟူ၍ မည်သူမျှမဝင်ကြပေ ။ ထိုလူက ကြောက်ရွံစိတ်ကြောင့် တုန်ခါနေပြီး တစ်ဖက်လူစကားကို နားမထောင်ပဲလည်း မနေဝံ့ချေ ။ ထိုလူက စီးထားသော ဘွတ်စ်ဖိနပ်ရဲ့ကြိုးကို ခေါင်းငုံလျက် စတင်ဖြေလေသည် ။
" ဘာဖြစ်နေကြတာလဲ "
ထိုအချိန်မှာပဲ နူးညံ့ချိုသာသော အသံတစ်သံက တိတ်ဆိတ်သော ပတ်ဝန်းကျင်ကြားမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာသည် ။ ထိုအသံပိုင်ရှင်ကို ကြည့်လိုက်မိတဲ့ အခါမှာတော့ အားလုံးက မှင်သက်သွားကြရတော့သည် ။ ထိုအသံပိုင်ရှင်ကား အခြားသူမဟုတ်ပေ ။ တစ်ကျောင်းလုံးရဲ့ Queen မေမီမီမောင်ပင် ဖြစ်သည် ။
YOU ARE READING
Eternal ( ခေတ္တရပ်နား )
RomanceStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...