Part 33 Zawgyi

279 21 0
                                    

နမ်းရှိုက်ထိတွေ့ရင်း ထိတွေ့ရင်းဖြင့် ပိုပိုပြီး လောဘတက်လာတာကို မည်သို့ လုပ်ရမည်နည်း ။
ပိုလျှံလာသော စိတ်ဆန္ဒကို မလွန်ဆန်နိုင်စွာဖြင့်  ခါးတစ်ခွင်ကို ပိုက်ထားသော လက်တွေကို ပို၍ အလုပ်ရှုပ်စေမိသည် ။
အိစက်နေတဲ့  ကျောပြင်နုနုလေးနှင့် ကျွန်တော့် လက်ဖဝါးပြင်တို့ ထိတွေ့မိချိန်၌ မြတ်နိုးရသူ၏ တစ္ကိုယ္လုံးက တုန်တက်၍သွားသည် ။

မွှေးညင်းနုလေးတွေ ထောင်ထသွားတာတောင် ကျွန်တော့်ကို ငြင်းဆန်ခြင်း မပြုသေးသည့်သူ ။
ထိုလူဟာ ကျွန်တော့်အတွက် တည်ရှိနေပေးသည့်သူ ။
ကျွန်တော် ဘာပဲဖြစ်ချင်ချင် လိုက်လျောပေးနေသည့်သူ ။
ဘယ်တော့မှ မပျောက်ကွယ်သွားမယ့် မေတ္တာတွေ ပေးစွမ်းနိုင်သည့် ကျွန်တော့်အတွက် နှစ်ယောက် မရှိနိုင်မည့် တစ်ဦးတည်းသောသူ ။
ထိုသူရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကို ပိုင်ဆိုင်ခွင့်ကိုပါ လောဘတက်မိလောက်အောင်ထိ ကျွန်တော် မြတ်နိုးမိသည့်သူ ။

စော!

ကျွန်တော် တစ်ယောက်တည်းကသာ ခေါ်ခွင့်ရခဲ့သော နာမ်စားလေး ။
အခုတော့ လူကိုပါ တစ်ယောက်တည်း ပိုင်ဆိုင်ခွင့် ရချင်မိသည် ။
စောကို ပို၍ လောဘတက်လာသည် ။
စောကို ထိတွေ့ရတာကို ပိုပြီး သဘောကျလာသည် ။
သို့သော်လည်း စောအဆင်သင့် မဖြစ်သေးတာ ကျွန်တော်သိသည် ။

ကျွန်တော် စောကို ချစ်သည် ။
သို့ပေမယ့် စောက ကျွန်တော့်ကို ကျွန်တော့်ထက်ပိုပြီး ချစ်ပေးနိုင်သည် ။
ဒီလိုအချိန် အခွင့်အရေးယူမိရင်တောင် အပြုံးတစ်ခုနဲ့ နားလည်ပေးမည့် စောကို ကြိုမြင်နိုင်သည် ။
စောက ကျွန်တော့်အပေါ် အရာအားလုံးထက် ပိုပြီးတော့ အလေးထားတတ်သည် ။
ကျွန်တော့်အပေါ် ဤမျှလောက်ထိ အလေးထားတတ်သူအပေါ် ကျွန်တော်ကိုယ်တိုင်လည်း တန်ဖိုးထားသည် ။

ထိုကြောင့်ပင် နူးညံလှတဲ့ နှုတ်ခမ်းပါးတွေကို မလွှတ်ပေးချင်သေးပေမယ့် အနမ်းတွေကို ရပ်တန့်ကာ စောကို စိုက်ကြည့်မိသည် ။

" စော ကျွန်တော် ..."

စောက ကျွန်တော့်ကို ကြာကြာမကြည့်ပဲ အကြည့်တွေကို ရှောင်ဖယ်၍ သွားသည် ။

Eternal ( ခတ်ေတရပျနား )Where stories live. Discover now