ဒေါက်တာ ရှိုင်းသုတ
( M.B.B.S)
အထွေထွေရောဂါ အထူးကုအဖြူရောင် အောက်ခံတွင် အပြာရောင်စာလုံးလေးများ ဝင့်ထည်စွာ နေရာယူ၍ထားသည်။
ထိုဆေးခန်းက ရှိုင်းသုတ၏ ကိုယ်ပိုင် ဆေးခန်း ဖြစ်ကာ သူ၏ ခြံဝင်းထဲမှာပင် အဆောင်ငယ်လေးဆောက်ကာ ဖွင့်ထားခြင်းဖြစ်သည် ။ ရှေ့မျက်နှာစာတွင် ဖွင့်ထားခြင်းဖြစ်သော်လည်း အိမ်တွင်းထဲသို့ ခြေဆယ်လှမ်းလောက်တော့ လျှောက်ရပေသေးသည် ။
ဆေးခန်းမျက်စောင်းထိုးနားတွင်တော့ ပိတောက်ပင်အိုကြီးကို တွေ့ရမည်ဖြစ်သည် ။ ဒေါက်တာရှိုင်းသုတက သူ၏ ပိတောက်ပင်ကြီးကိုတော့ အတော်လေး အလေးထားသူဖြစ်သည်။
မတ်လထဲ ရောက်တော့မည် ဖြစ်၍ အအေးဓာတ်က မလွှမ်းမိုးထားတော့။
ရွက်ဟောင်းတွေ မြေခပြီး ရွက်နုသစ်တွေဝေသည့်လ ဖြစ်သလို ရာသီဥတုမှာလည်း နေလို့အကောင်းဆုံးလ ဖြစ်လေသည်။ သို့ပေမယ့် ပိတောက်ပင်ကြီးကတော့ ရွက်စိမ်းတွေဝေနေဆဲ ။တိတ်ဆိတ်သော ရပ်ကွက်လေးဖြစ်ပြီး နေ့လည်ပိုင်း ဆေးခန်းပိတ်ချိန်ဖြစ်၍ ရှိုင်းသုတတစ်ယောက် ပိတောက်ပင်အောက်က ခုံတန်းပေါ်မှာ အေးအေးလူလူ စာအုပ်ဖတ်၍နေသည် ။
ထိုစဥ် ဆေးခန်း ရှေ့နားမှာ ရပ်လာသော အနီရောင် ကားလေးတစ်စီး။
ကားပေါ်က မိန်းကလေးတစ်ယောက်ဆင်းလာကာ ထိုခြံဝန်းထဲသို့ မျက်စိကစားလိုက်သည် ။ ထို့နောက် ရှိုင်းသုတစာဖတ်နေသော နေရာကနေ တည့်တည့်ကြည့်၍ရသော နေရာနား ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။" ဟိတ် စျာန်ဝင်နေပါလား "
ခြံအပြင်ဘက်ကနေ လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည် ။ စာထဲ အာရုံနှစ်ထားသော သုတက ကြက်သီးများပင် ထသွားသေးသည် ။ သုတ တုန်သွားပြီး အသံလာရာကို လှမ်းကြည့်လိုက်တော့ ပန်မိုးဖြစ်၍ နေသည် ။
" ဟာ ပန်မိုးပါလား ဝင်ခဲ့လေ တံခါးက စေ့ရုံပဲ စေ့ထားတာ ...မတွေ့တာတောင် ကြာပြီ "
ပန်မိုးက ခြံတံခါးကို ဖွင့်လိုက်ပြီး သုတနားသို့ သွားကာ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ရင်း သုတကို မဲ့ပြုံးလေးနှင့် တုံ့ပြန့်သည် ။
YOU ARE READING
Eternal ( ခေတ္တရပ်နား )
RomanceStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...