Part 20 zawgyi

217 20 0
                                    

" ထက်ကို "

" ထက်ကို... "

အနောက်က ခေါ်နေသံကြားပေမယ့်လည်း စိတ်ဆိုးပြချင်သည်မို့ အိမ်ထဲသို့သာ ဆက်ဝင်သွားလိုက်သည် ။

" ထက်ကို "

မြန်ဆန်လှသော ခြေလှမ်းသံတွေနောက် လက်ကောက်ဝတ်ဆီမှ နွေးထွေးမှုလေးတစ်ခု ။

" စိတ်ဆိုးနေတာလား.. စော တောင်းပန်ပါတယ် "

" ဘာလို့လဲ "

မျက်လုံးတွေက ကျွန်တော့်ကို စူးစိုက်ကြည့်ကာ ခေါင်းလေး တစ်ချက်ငြိမ့်သည် ။
ဒါက စော တစ်ခုခုကို အပြစ်မကင်းဘူးလို့ ခံစားရရင် လုပ်တတ်တဲ့ အပြုအမူလေး ။

" မင်းကို ပစ်ထားပြီး သူနဲ့ စကားသွားမပြောသင့်ဘူး "

ကြည့်.. စောဟာ သိသိရက်နဲ့ ။

" မရဘူး ဒီလောက်လေးနဲ့ ကျွန်တော်က စိတ်ဆိုးပြေလိုက်ရတော့မှာလား "

" ဟော.. မင်းက ကလေးလေးလားကွာ "

" မသိဘူးဗျာ... စောက သူနှင့် ကျွန်တော်ယှဉ်ရင် သူ့ကိုပဲ ဦးစားပေးတယ် "

ကျွန်တော့်လက်ကို ကိုင်ထားသော စောလက်ချောင်းတွေက ပြေလျော့သွားသည် ။

" အာ... မနက်ဖြန်ထိပဲ "

" ဟင်... "

" မနက်ထိပဲ စိတ်ဆိုးလို့ တစ်ပတ်လုံး စိတ်ဆိုးနေရင် သင်္ကြန်မလည်လိုက်ရပဲနေမယ် "

ရုပ်တည်ကြီးနဲ့ လာပြောနေသော စောကြောင့် တကယ်စိတ်ဆိုးချင်သွားရတော့သည် ။

" စော! ... "

" ကောင်းပြီလေ မနက်ထိ ကျွန်တော့်ကို စကားလာမပြောနဲ့ "

ကျွန်တော် ပြောပြီး စူးစူးစိုက်စိုက် ကြည့်ပေးလိုက်သည် ။
သေချာသတိထားကြည့်တော့မှ ကူရာကယ်ရာမဲ့နေတဲ့ စောပုံစံလေးကို သတိပြုမိသည် ။
ဒီပုံစံလေးက... အရမ်းကို...။
ကျွန်တော့်နှလုံးသားတစ်ခုလုံး ယားလာသလို ခံစားရသည် ။

" မနက်ထိပဲနော်... "

ဟား...စောတစ်ယောက်နဲ့တော့ ။

အလိုလိုကပင် စောအနား တွယ်ကပ်ချင်နေသည်ကို ဒီလို အပြုအမူတွေနဲ့ ပြုစားခံရလို့တော့ မဖြစ်သေးပေ ။
မနက်ထိ... မနက်ထိတော့ စိတ်ဆိုးဟန် ဟန်ဆောင်နိုင်ရမည် ။

Eternal ( ခတ်ေတရပျနား )Nơi câu chuyện tồn tại. Hãy khám phá bây giờ