Part 10 Zawgyi

345 26 7
                                    

" ကြည့်ရတာ ကျွန်တော့်ဝန်ထမ်းတွေက ဧည့်ဝတ်မကျေပွန်ခဲ့ဘူးထင်ပါတယ် ကျွန်တော့်အသုံးမကျမှုပါဗျာ နောက်ဆိုသေချာ ဂရုစိုက်လိုက်ပါ့မယ် ဒီဖက်က ညီမကို စိတ်အနှောင့်အယှက်ဖြစ်စေမိလို့ အနူးအညွှတ်တောင်းပန်ပါတယ် "

ဦးခေါင်းကို  ညွှတ်၍ တောင်းပန်လာသော မြတ်မင်းစော အားကြည့်ကာ ကောင်မလေးက နှုတ်ခမ်းတစ်ဖက်ကို အပေါ်မြှင့်လိုက်ရင်း မဲ့ပြုံးလေး ပြုံးလေသည် ။

" အဲ့ဒါဆို ကျွန်မ အခန်းခကို သုံးပုံတစ်ပုံပဲ ပေးနိုင်မယ် ရှင် သဘောတူလား "

မြတ်မင်းစောက ကောင်မလေးကို တစ်ချက်ကြည့်ရင်း လက်တစ်ဖက်ဆန့်လိုက်တော့ လက်ထဲကို ဖိုင်တွဲတစ်ခုရောက်လာသည် ။

" ဘယ်နေ့လဲ "

" ၂၆ရက်နေ့ပါ ဆရာ "

မြတ်မင်းစောက စာရွက်ကို တဖျပ်ဖျပ်လှန်လိုက်ပြီး တစ်နေရာရောက်တော့ ရပ်လိုက်ပြီးနောက်...

" ၂၆ရက်နေ့က စပြီးနေတယ် အခုဆို ၂ ရက်နေ့ရှိပြီ ကြားထဲကရက်တွေမှာ ဘာလို့များ ဒီမှာဆက်နေနေရတာလဲ မသိဘူးဗျ "

" ကျွန်မ ၆ ရက်စာ booking ချိတ်ထားလို့ပါ "

၆ရက်စာဆို အခန်းခကို ၂ရက်စာ ကြိုသွင်းထားရမည်ဖြစ်သည် ။

ကျွန်တော့်ဘဝမှာ ဒီလို အကြံအစည်နဲ့ သူတစ်ပါးလုပ်ငန်းကို ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တတ်ကြသည့် ပြိုင်ဘက်တွေနဲ့ လက်နှစ်ဖက်ကျော်အောင် ကြုံတွေ့ခဲ့ပြီးပြီဖြစ်သည် ။ မထင်ထားသည်က တဖက်က ကျွန်တော်နှင့် တိုက်ရိုက်တွေ့ပြီး ဖြေရှင်းချင်နေတာပဲ ။

" သြော် တကယ်လို့ ညီမ စိတ်တိုင်းမကျခဲ့ရင် တစ်ခြားမိုတယ်တစ်ခုခုကို ကျန်လေးရက်စာ ငွေမချေပဲ ပြောင်းသွားလို့ရရဲ့သားနဲ့ ဆက်နေနေတာလဲဗျ "

ပထမမေးခွန်းနှင့် ခပ်ဆင်ဆင် အမေးပင်ဖြစ်သော်ငြား ကောင်မလေးက ကွက်ခနဲ မျက်နှာ ပျက်သွားပြီးနောက် ပြန်ထိန်းလိုက်သည် ။
တစ်ဖက်ကောင်မလေးက ကျွန်တော့်ကို တစ်ခုခုပြန်ပြောလာဖို့ နှုတ်ခမ်းကိုဟလိုက်စဉ် ကျွန်တော် လက်ကာပြလိုက်သည် ။

Eternal ( ခတ်ေတရပျနား )Nơi câu chuyện tồn tại. Hãy khám phá bây giờ