KE/N - ကြိုပြောထားပါရစေ ဒီအပိုင်းက စောတို့ ထက်ကိုလေးတို့ရဲ့ အတိတ်က အကြောင်းအရာ Sense လေးတွေပါ
-------
" ဝါး...မေ့သားက ခါးခါးတွေနဲ့ပါလား "
"ခစ်...ခစ် "
သနပ်ခါးအဖွေးသားနဲ့ ထက်ကိုပေါက်စလေးက ပျော်၍နေသည် ။
" ချော "
" ဟမ်..မေ့သားက ဘာပြောချင်တါလဲ "
" ချော "
ဆိုပြီး ပြေးသွားသည်က သူ့ဦးလေးငယ်ရဲ့ အခန်းရှေ့ဆီ ဖြစ်သည် ။
လက်ညိုးလေးထိုးထိုးပြကာ တချောချောနဲ့ ပြောနေသူကို အမေဖြစ်သူက တော်တော်နဲ့ နားမလည်ပေ ။
" ဘာဖြစ်လို့လဲ သားလေးရဲ့ လေးလေးက အိပ်နေတုန်းလေ သားရဲ့ "
မောင်ဖြစ်သူက နေ့လည်နေခင်းဆို အိပ်တတ်သည့် အကျင့်ရှိလေသည် ။
ကျောင်းပိတ်ရက်လည်း ဖြစ်သည်မို့ အေးအေးဆေးဆေး အနားယူစေချင်သည်မို့ သားငယ်ဖြစ်သူကို ဆွဲချီဖို့ပြင်လိုက်လေသည် ။" အား..."
စူးစူးဝါးဝါး အော်လိုက်သည့် သားဖြစ်သူကြောင့် ချီဖို့ပြင်နေသည့်လက်များ တန့်သွားရသည် ။
ထိုအခါမှ သားဖြစ်သူက မျက်နှာငယ်လေးဖြင့် မြတ်မင်းရဲ့ အခန်းကို လက်ညိုးလေးထိုးကာ မပီကလာအသံလေးဖြင့် ပီပီသသ ပြောလာခဲ့သည် ။" စော "
" စောလား "
" စော "
ကိုယ့်နားကိုမယုံနိုင်သဖြင့် သံယောင်လိုက်ကာ မေးမိတော့ ပို၍ ပီသလာသော အသံထွက်ကလေး ။
အခုမှ သားဖြစ်သူ ဖြစ်ချင်နေသည်ကို နားလည်ပေတော့သည် ။သားဖြစ်သူ ပထမဆုံး ခေါ်သည်က မေမေလည်းမဟုတ် ဖေဖေလည်း မဟုတ်ပဲ ဦးလေးငယ်ဖြစ်သူ၏ နာမည် နောက်ဆုံးအလုံးပင် ဖြစ်နေခဲ့သည် ။
" လေးလေးက အိပ်နေတုန်းလေ သားရဲ့ "
" စော "
နှုတ်ခမ်းလေးထော်ပြီး စောဟူ၍သာ
ရွတ်နေလေတော့သည် ။" ဟုတ်ပြီ ဟုတ်ပြီ သားရဲ့စောက အိပ်နေတုန်းလေ အိပ်ရေးမဝရင် စောက သားကို မချစ်ပဲနေလိမ့်မယ်
လိမ်မာနော် လာ မေမေနဲ့ သွားအိပ်ရအောင် "
CZYTASZ
Eternal ( ခေတ္တရပ်နား )
RomansStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...