Part 28 Unicode

388 44 6
                                    

" မင်းသူငယ်ချင်းတွေက သက်သေ လိုက်ပေးနိုင်တယ်လား ၊ စော... သူ အဲ့ဒါတွေ ပြောနေတုန်းက အဂ္ဂနှင့်မင်းသန့်လည်း ကျွန်တော့်နားမှာ ရှိတယ် "

ကျောင်းသားနှစ်ယောက်ပြောစကားကို ဆရာမကြီးက နားထောင်ပြီးနောက်

" ကောင်းပြီ ၊ အရင်ဆုံး သားရဲ့ သူငယ်ချင်းနာမည်တွေကိုပြော "

နှာတရှုံရှုံဖြစ်နေသည့် ကလေးက အမည်နာမ သုံးခုကို ရွတ်ပြသည် ။
ဆရာမကြီးက ထိုကျောင်းသားပြောသည့် နာမည်တွေကို ရေးမှတ်လိုက်သည် ။
ထို့နောက် ထက်ကို,ကို မေးသည် ။

" သားရဲ့ သူငယ်ချင်းတွေကို ပြော "

" အဂ္ဂစိုင်း ၊ မင်းသန့်ပိုင်..."

" သားတို့နှစ်ယောက် အပြင်ထွက်ပြီး စောင့်နေပေး ၊ ဒါက သားတို့ရွေးချယ်မှုပဲနော် ၊ သားနေလင်းရှိန် သားရော အပြင်မှာ စောင့်နေပေး "

ထက်ကို,က ဆရာမကြီးစကားကို မကြားလိုက်သလိုမျိုး နေရာက ထဖို့ အရိပ်အယောင်မမြင်ရ ။

" စောကို အပြင်မှာ စောင့်နေ "

" အကြာကြီး မစောင့်ချင်ဘူး "

" မစောင့်စေရပါဘူး ... အပြန်ကျရင် ကြက်ခြေထောက် အစပ်သုတ် မှာပေးမယ် ကျေနပ်မလား "

ထက်ကို,က မျက်ခုံးတွေကို ပင့်ပြတော့ ကျွန်တော်လည်း မျက်ခုံးတစ်ဖက်ကို ပြန်ပင့်ပြလိုက်သည် ။
နောက်ဆုံး မထချင် ထချင်ဖြင့် ထရပ်ကာ အပြင်ထွက်သွားရတာက ထက်ကိုပင် ဖြစ်သည် ။
ထက်ကိုက သူမလုပ်ချင်ကြောင်းပြချင်ရင် မျက်ခုံးပင့်ပြတတ်သည် ။
တစ်ခါတစ်ရံ ကျွန်တော်က အလျှော့ပေးရတတ်ပေမယ့် ၊ ဒီတစ်ကြိမ်တွင်တော့ မလုပ်ချင်လည်း လုပ်ရမည့် အခြေအနေဖြစ်သည်ကို ထိုကလေး နားလည်သည် ။

ထို့နောက်တွင် ဆရာမကြီးက ကျောင်းသားတွေကို တစ်ဦးစီ ခေါ်ယူပြီးနောက် မေးမြန်းသည် ။

" ဆရာမကြီး သူက အဲဒီလိုမျိုး ပြောခဲ့တာပါ ၊ လွှမ်းထက်ကိုက ကြားသွားပြီး လာထိုးတာပါဗျ "

တစ်ဖက်က ကျောင်းသားက သူ့သူငယ်ချင်းတွေက သူ့ကို အာမခံပေးနိုင်သည်ဟု ပြောပေမယ့် ၊ ကျောင်းသား သုံးယောက်လုံး အာမခံပေးသွားတာက ထက်ကို,ကို ဖြစ်သည် ။

Eternal ( ခေတ္တရပ်နား )Onde histórias criam vida. Descubra agora